HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီရဲ့ SU-30 ဂျက်တိုက်လေယာဉ် ငါးစီးကိုပစ်ချ တယ်ဆိုတဲ့ သတင်းအမှား

ရှမ်းမြောက်ကို ဗုံးလာကျဲတဲ့ စစ်ကောင်စီရဲ့ SU-30 ဂျက်တိုက်လေယာဉ် ၅ စီး ပစ်ချလိုက်တယ်ဆိုပြီး ဖြန့်ဝေထားတဲ့အကြောင်းအရာတစ်ပုဒ် လူမှုကွန်ရက်ပေါ်မှာဝေမျှနေကြပြီး ဒီအကြောင်းအရာဟာ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းမရှိတဲ့အကြောင်းအရာသာဖြစ်ပါတယ်။

By - Boom Live Myanmar | 26 Aug 2024 4:04 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်သာရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'SU 30 ၅စီး အနီးကပ်ပစ်ချ။ ရှမ်းမြောက်ကို ဗုံးလာကျဲတဲ့ စကစ လေယာဉ် ပစ်ချခံရပြီး ရုရှားပြန်ဗိုလ်ကြီးသေဆုံး' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

SU-30 ဂျက်တိုက်လေယာဉ် ငါးစီးပစ်ချလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်ထဲမှာ SU-30 ဂျက်တိုက်လေယာဉ် ငါးစီးပစ်ချလိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ထုတ်ဖော်ပြောကြားထားတာ မရှိပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories