HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တရုတ်-မြန်မာစစ်ပွဲ စတော့မှာလား

တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အမျက်ထွက်ပြီး တရုတ်-မြန်မာစစ်ပွဲ စတင်တော့မယ်ဆိုပြီး ရေးသားထားတဲ့အကြောင်းအရာတွေလူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 14 Aug 2024 8:15 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Good Morning News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အရေးပေါ်သတင်းကြီး။ တရုတ်မြန်မာစစ်ပွဲ စတော့မယ်။ တရုတ်ဒေါသထွက်သွားပြီ။ နေပြည်တော် ပျက်သုန်းတော့မည်။ မအလအတွက် သေတွင်းလာပြီ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

တရုတ်-မြန်မာစစ်ပွဲ စတော့မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ လက်ရှိဖေစ့်ဘွတ်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ ‘တရုတ် မှ "စစ်အစိုးရ" ဟု စတင် သုံးနှုံး’ ဆိုတဲ့ ပိုစ့်တစ်ခုကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

ပြောဆိုနေတဲ့ အကြောင်းအရာထဲမှာ ‘မအောင်မြင်ခဲ့တဲ့ တရုတ်သံ တိန်ရင်ချွန်း ခရီးစဉ် အပြီးမှာ တရုတ် အစိုးရအနေနဲ့ စစ်ကောင်စီကို စစ်အစိုးရလို့ ပထမဆုံးအကြိမ် တရားဝင် သုံးနှုန်း ခေါ်ဝေါ်လိုက်ကြောင်း၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အပတ်စဉ် ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ AFP သတင်းထောက်ရဲ့ "မြန်မာ နိုင်ငံ စစ်အစိုးရ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အပေါ် ကျရှုံးမှု အပေါ်" မေးခွန်းထုတ်ခဲ့တယ်ဆိုတဲ့ တရုတ်သံရုံးရဲ့ သတင်း ထုတ်ပြန်မှုမှာ ပါရှိလာခဲ့တာ ဖြစ်ကြောင်း’ တွေ ပြောဆိုထားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဩဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ AFP သတင်းနဲ့ ပက်သတ်တဲ့ ထုတ်ပြန်ချက်မှာ စစ်အစိုးရလို့ သုံးစွဲခဲ့တာ မှန်ပေမယ့် နောက်ပိုင်းမှာ ပိုစ့်ကို ပြန်လည်ပြင်ဆင်ထားခဲ့တာ တွေ့ရပါတယ်။ ပြန်လည်ပြင်ဆင်ထားမှုကို အောက်ပါပုံမှာ ကြည့်ရှု့ပါ။


တရုတ်သံရုံးက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ဥပဒေဘောင်အတွင်းက နိုင်ငံရေးအရ ဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ အကူအညီတွေပေးမဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဩဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories