HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီခေါင်းဆောင်သားနဲ့ ဦးသန်းရွှေ မြေးဖြစ်သူတို့ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီခေါင်းဆောင်ရဲ့ သားဖြစ်သူ အောင်ပြည်စုံနဲ့ ဦးသန်းရွှေ မြေးဖြစ်သူ နေရွှေသွေးအောင်တို့ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 21 March 2024 8:46 AM IST

အဆိုပါ သတင်းအတုကို မတ်လ ၁၄ ရက်နေ့မှာ YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ် ဦးသန်းရွှေရဲ့ ဓါတ်ပုံရယ် နေရွှေသွေးအောင်တို့ ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “မအလသာ အောင်ပြည့်စုံနဲ့အတူ ဝဋ်လည်ကြပြီ။ ဗိုလ်သန်းရွှေမြေး နေရွှေသွေးအောင် ပစ်သတ်ခံရ။ စစ်အုပ်စုအတွက် မသာပွဲကြီးဟေ့” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ ၁ သိန်းခွဲ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီခေါင်းဆောင်ရဲ့ သားဖြစ်သူ အောင်ပြည်စုံနဲ့ ဦးသန်းရွှေ မြေးဖြစ်သူ နေရွှေသွေးအောင်တို့ ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံရော၊ သန်းရွှေရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင်တို့ကို မည်သည့်အဖွဲ့ကမှ ပစ်သတ်ခဲ့ခြင်းမရှိသလို မည်သည့်အဖွဲ့ကမှလည်း ထုတ်ပြန်ထားခြင်းမရှိပါဘူး။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories