HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီခေါင်းဆောင် ပြည်ပမှာ ဖမ်းဆီးခံရတယ် ဆိုတဲ့သတင်းအတု

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် ပြည်ပမှာ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 13 Aug 2024 11:24 AM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။

Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် လက်ပြနှုတ်ဆက်နေတဲ့ ဓါတ်ပုံရယ်၊ မြန်မာနိုင်ငံဆိုင်ရာ UN အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီရဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “ ပြည်ပရောက်နေတဲ့ မင်းအောင်လှိုင် အဖမ်းခံရ၊ UN အထူးကိုယ်စားလှယ် အခုပဲ ကမ္ဘာသိ ကြေညာ၊ စစ်အုပ်စုပွဲသိမ်းပြီ။ အောင်ပွဲခံလို့ ရပြီဟေ့” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၅၇၀၀၀ ကျော်ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် ပြည်ပမှာ ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ လက်ရှိမှာ မြန်မာနိုင်ငံထဲမှာပဲရှိပြီး မည်သည့်နိုင်ငံကမှ ၎င်းကိုဖမ်းဆီးခြင်း မရှိပါဘူး။ ၎င်းရဲ့ ပုံမှန်လုပ်ငန်းတွေကို ဆောင်ရွက်နေဆဲသာဖြစ်ပါတယ်။ တရုတ်သံအမတ် နဲ့ တွေ့ဆုံခဲ့တဲ့ဖြစ်စဉ်မှာ တရုတ်နိုင်ငံမှာ ခိုလှုံ့ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့ ကောလဟာလ တစ်ချို့လည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ တိကျသေချာတဲ့ သတင်းတွေတော့ တစ်စုံတစ်ရာ ထွက်ပေါ်ခဲ့ခြင်းမရှိပါဘူး။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပြည်ပမှာ ဖမ်းဆီးခံရတယ်ဆိုတာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories