ဒီသတင်းကို မြန်မာ့သတင်း ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဖေဖေါ်ဝါရီလ ၆ ရက် ညနေ ၅ နာရီခန့်မှာ စတင်ဖြန့်ဝေတာဖြစ်ပြီး နာရီပိုင်းအတွင်း reaction ပေးသူ လေးထောင်နီးပါးနဲ့ ပြန်လည်ဖြန့်ဝေသူ အများအပြား ရှိနေပါတယ်။
မဟာမိတ် ၆ ဖွဲ့အတူပူးပေါင်းထားလိုက်ပါပြီ လို့ ရေးသားထားတဲ့ ၃ မိနစ်ကျော်ကြာ ရုပ်သံဖိုင်တစ်ခုကို ပုလဲရဲစခန်းနဲ့ ရုံးတွေအားလုံး ဗိုလ်နဂါးတပ်ပေါင်းစု ထိန်းချုပ်လိုက်ပြီး စစ်အုပ်ချုပ်ရေးဖျက်သိမ်း လို့ ခေါင်းစဉ်တပ်ပြီး ဖြန့်ဝေထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေမှုမှာပါတဲ့ ရုပ်သံဖိုင်ကိုကြည့်ရှု့ရာ မျှော်လင့်ချက်အမှားတွေပေးကာ လူအများ အာရုံစိုက်မိဖို့ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်ကိုင်းတိုင်း ပုလဲမြို့မရဲစခန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်တဲ့ သတင်း၊ ဖားကန့်မှာ သေဆုံးမှုတွေများနေလို့ စစ်တပ်က ရဟတ်ယာဉ်နဲ့ စစ်ကူအင်အား ၆၀ နီးပါးလာချတဲ့သတင်းနဲ့ အရပ်ဝတ်နဲ့ ခရီးသွားတဲ့ ရဲတပ်သားကို ပုလဲဂျိုကာ PDF တပ်ဖွဲ့ ဖမ်းဆီး စတဲ့ သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။
ခေါင်းစဉ်မှာ ရေးသားထားသလို ပုလဲမြို့မရဲစခန်းနဲ့ ရုံးတွေကို ဗိုလ်နဂါးတပ်ပေါင်းစု ထိန်းချုပ်တယ်ဆိုတဲ့ အချက်မပါဝင်သလို စစ်အုပ်ချုပ်ရေး ဖျက်သိမ်းဆိုတာလည်း မပါဝင်ပါ။