HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

PDF တွေက ခရီးသည်တင်ကားတွေကို လက်နက်ပြပြီး ဓါးပြတိုက်နေတယ်ဆိုတဲ့ သတင်းအတု

ပြည်သူ့ကာကွယ်ရေးတပ်တွေက ခရီးသည်တင်ကားတွေကို လက်နက်ပြပြီး ဓါးပြတိုက်နေတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 10 Aug 2024 7:19 AM GMT

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ခရီးသည်တင်ကားတွေအနား လက်နက်ကိုင်ပြီးရပ်နေတဲ့၊ စကားပြောနေတဲ့ PDF တွေ ပါဝင်တဲ့ဓါတ်ပုံတွေကို ဖော်ပြထားပြီး ၎င်းဓါတ်ပုံတွေနဲ့အတူ “အကြမ်းဖက် PDF များမှ ခရီးသည်ကားများအား သေနတ်ပြခြိမ်းခြောက်ကာ ဓားပြတိုက်နေ။ ပြည်သူတွေက ရွံရှာတဲ့အကြည့်ဖြင့်ကြည့်နေကြတယ်။ နောင်တရနေကြပုံပဲ။” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ ဖြန့်ထားကြပါတယ်။

သတင်းဆန်းစစ်ချက်

ပြည်သူ့ကာကွယ်ရေးတပ်တွေက ခရီးသည်တင်ကားတွေကို လက်နက်ပြပြီး ဓါးပြတိုက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

သတင်းအမှားဖြန့်သူတွေ အသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ ဆက်စပ်နေတဲ့ လမ်းပိုင်းတွေမှာ ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားယာဉ်တွေကို ဇူလိုင်လ ၃၀ ရက် က စပြီး Natogyi People Defence Force ( NPDF) မြင်းခြံခရိုင် အမှတ် -၄ တပ်ရင်း က ခရီးသွားယာဉ်တွေကို စစ်ဆေးနေကာ ၎င်းတို့ စစ်ဆေးစဉ် မောင်းပြေးတာတွေမလုပ်ကြဘဲ ကြည်ဖြူစွာလက်ခံပေးပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေကို ပူးပေါင်းလိုက်နာပေးတောင်းဆိုထားတဲ့ ထုတ်ပြန်ချက်က ဓါတ်ပုံတွေသာ ဖြစ်ပါတယ်။

ဒီဓါတ်ပုံတွေကို အသုံးပြုပြီး PDF တွေက ခရီးသည်တင်ယာဉ်တွေကို ဓါးပြတိုက်နေတယ်လို့ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။ Natogyi People Defence Force က ထုတ်ပြန်ထားတဲ့ အဆိုပါ သတင်းကို ဒီနေရာမှာ ကြည့်ပါ။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Related Stories