HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်တပ်က ဗိုလ်ကြီး အယောက် ၂၀ နုတ်ထွက်သွားလို့ စစ်ကောင်စီ ဒုက္ခရောက်ပြီဆိုတဲ့ သတင်းအတု

စစ်တပ်က ဗိုလ်ကြီး အယောက် ၂၀ နုတ်ထွက်သွားလို့ စစ်ကောင်စီခေါင်းဆောင် ဒုက္ခရောက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 15 Aug 2023 4:43 PM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၁၃ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ စစ်ကောင်စီ ဗိုလ်ကြီးတွေရဲ့ ဓါတ်ပုံနဲ့ မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံအပြင် သတင်းကြေညာနေသူတစ်ဦးရဲ့ ဓါတ်ပုံကိုပါ ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၁၃ ရက်နေ့ ညနေ ၄ နာရီခွဲ သတင်းထူး Khit Thit အတည်ပြု ကြေညာပြီ ဗိုလ်ကြီး ၂၀ ဦး နုတ်ထွက်ပြီ။ မအလ ခွေးလုံးလုံး ဖြစ်သွားပြီ ငါးပါးမှောက်ပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ YouTube Video ကို ဖေ့စ်ဘွတ်အကောင့်တစ်ချို့က ပြန်လည်ဖြန့်ဝေထားပြီး YouTube ပေါ်မှာ ၂ ရက်အတွင်းဝင်ရောက်ကြည့်ရှုထားသူ ၃၂၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်တပ်က ဗိုလ်ကြီး အယောက် ၂၀ နုတ်ထွက်သွားလို့ စစ်ကောင်စီခေါင်းဆောင် ဒုက္ခရောက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်မှာ ရာထူးက နုတ်ထွက်ချင်သူတွေ များစွာရှိတယ်လို့ အသံတွေ မကြာခဏ ထွက်ပေါ်လေ့ရှိပေမယ့် CDM တွေမှအပ လက်ရှိ တာဝန်ထမ်းနေသူတွေထဲ မည်သူကမှ တရားဝင် ထုတ်ဖော်ပြောဆိုထားခြင်း မရှိသလို စစ်ကောင်စီကလည်း တာဝန်ထမ်းနေသူတွေကို ထွက်ခွါခွင့် မပေးထားပါဘူး။ လက်ရှိ သက်ပြည့်ပင်စင် ယူခါနီးသူတွေကိုပါ ထွက်ခွင့်မပေးဘဲ ထပ်မံ တာဝန်ထမ်းဆောင်နေခိုင်းဆဲသာ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှားဖြန့်ထားသူတွေက Video ပေါ်မှာ ဗိုလ်ကြီးအဆင့်ရှိသူ အယောက် ၂၀ နုတ်ထွက်တယ်လို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား စစ်ရေး သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories