HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တော်လှန်ရေးတပ်ဖွဲ့ ငါးထောင်ကျော်နဲ့ ရန်ကုန်တစ်မြို့လုံးကို ဝိုင်းထားတယ်ဆိုတဲ့ သတင်းအတု

တော်လှန်ရေးတပ်ဖွဲ့ ငါးထောင်ကျော်နဲ့ ရန်ကုန် တစ်မြို့လုံးကို ဝိုင်းထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 20 Nov 2023 10:22 AM GMT

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ ဓါတ်ပုံရယ်၊မီးလောင်နေတဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ် ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၁၅ ရက်နေ့ အမြန်နားထောင်ကြပါတယ်။ မအလ ရှုံးမဲမဲ ဖြစ်ပြီ။ ရန်ကုန်မြို့ အရေးပေါ်ပြီဟေ့။ တော်လှန်ရေးတပ်ဖွဲ့ ၅ ထောင်နဲ့ တမြို့လုံးဝိုင်းထားကြပြီ။ လုံးဝ အပြင်မထွက်ကြပါနဲ့။ ဥဩဆွဲသံ ဆူညံကုန်ပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၃၇၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ရန်ကုန်မြို့ကို တော်လှန်ရေးတပ်ဖွဲ့ ၅ ထောင်ကျော်နဲ့ တစ်မြို့လုံးကို ဝိုင်းထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာ သိမ်းယူခံနေရပါတယ်။ ဒီစစ်ဆင်ရေး စတင်နေစဉ်မှာပဲ ရန်ကုန်မြို့ရဲ့ နေရာအချို့မှာ ဗုံးပေါက်ကွဲမှုတွေ UG လှုပ်ရှားမှုတွေ အနည်းငယ်ရှိပေမယ့် တော်လှန်ရေးတပ်ဖွဲ့ ငါးထောင်ကျော်နဲ့ ဝိုင်းထားတဲ့ ဖြစ်စဉ်မရှိသေးပါဘူး။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ မရမ်းကုန်း ၉ မိုင်နဲ့ သမိုင်းလမ်းဆုံ အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်တယ်ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories