HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

KIA က ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းအတု

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 14 Dec 2022 8:46 AM IST

အဆိုပါ သတင်းအတုကို Kyaw Linn Thu ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားထဲမှာ KIA နဲ့ ပူးပေါင်း PDF အဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေနဲ့ နေ့တိုင်းတိုက်ပွဲတွေဖြစ်ပွားနေကာ KIA က အပြစ်မဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ နေ့တိုင်းမီးရှို့နေကြောင်း "ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ထီးချိုင့်မြို့နယ်နဲ့ ကသာမြို့နယိအတွင်းက ကျေးရွာအချို့ ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ ရတယ် ဘယ်သူရှို့လဲဆိုတော့ KIA အကြမ်း

ဖက်အဖွဲ့ရှို့တာဖြစ်တယ်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားကာ KIA ဟာ ဗမာမုန်းတီးရေး တွင်တွင်ပြောကြားကာ စစ်ကိုင်းတိုင်းအတွင်းက ဗမာလူမျိုးပိုင် နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးနေတယ်လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

သတင်းဆန်းစစ်ချက်

KIA က ဗမာမုန်းတီးရေးတွေ ပြောကြားကာ ပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီထောက်ခံသူတွေဘက်က တန်ပြန် ဖြန့်ချီလာတဲ့ ဝါဒဖြန့် သတင်းအမှားသာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအပါအဝင် ပြည်နယ်တိုင်းအများစုကို မီရှို့ဖျက်ဆီးတာတွေ အကြမ်းဖက်မှုတွေ ဆက်တိုက်ပြုလုပ်နေကြပြီး သက်သေအထောက်အထား ဓါတ်ပုံ Video တွေ များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကို ပြည်တွင်းက သတင်းမီဒီယာတွေ နိုင်ငံတာကာမီဒီယာတွေမှာ နေ့စဉ်လိုလို ဖော်ပြခံနေရတာပဲ ဖြစ်ပါတယ်။

Myanmar Witness က ဖော်ပြထားတဲ့ သုတေသန စာတမ်းမှာလည်း စစ်ကောင်စီတပ်တွေဟာ မီးကို လက်နက်သဖွယ်အသုံးပြုပြီးတိုက်ခိုက်နေတာဖြစ်တယ်လို့ သက်သေအထောက်အထားတွေ စုဆောင်းပြီး ထောက်ပြထားပါတယ်။ ဒီသုတေသနစာတမ်းတွေမှာ မီးလောင်နေချိန် ဂြိုလ်တုဓါတ်ပုံတွေပါ ရိုက်ကူးပြီး ပြသထားတာဖြစ်ပါတယ်။

Myanmar Witness က ရေးသားပြုစုထားတဲ့ စစ်ကောင်စီတပ်တွေက မီးရှို့ခြင်းကို လက်နက်သဖွယ် အသုံးပြုနေတဲ့ အကြောင်းကို ဒီနေရာမှာ ဖတ်ပါ။


ပြီးခဲ့တဲ့ နိုဝင်ဘာလ ခန့်မှာလည်း စစ်ကောင်စီတပ်ထောက်ခံသူတွေက စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို PDF တွေက မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းအမှားတွေ ဖြန့်ခဲ့ပါသေးတယ်။ စစ်ကောင်စီတပ်တွေဟာ မီးရှို့ဖျက်ဆီးမှုတွေ အကြမ်းဖက် လုယက်သတ်ဖြတ်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့အတွက် PDF ၊ KIA စတဲ့ အဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးနေကြတာလို့ တန်ပြန် ဝါဒဖြန့်ချီမှုတွေ ပြုလုပ်လာနေကြတာပဲ ဖြစ်ပါတယ်။

ယခင် စစ်ကောင်စီထောက်ခံသူတွေ ဖြန့်ခဲ့တဲ့ သတင်းအမှားတစ်ပုဒ်ဖြစ်တဲ့ PDF တွေက စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ အကြောင်းအရာကို အောက်ပါ Link မှာဖတ်ပါ။

စစ်ကိုင်းတိုင်းအတွင်းမှာ PDF တွေက ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းအတု


သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့် သတင်းတွေ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

Tags:

Related Stories