အဆိုပါ သတင်းအတုကို TikTok လူမှုကွန်ယက် သုံးစွဲသူတွေက ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ ၎င်း Video ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြန်ပို့မှာဖြစ်တယ်လို့ MRTV သတင်းမှာ ကြေညာခဲ့ကြောင်း နောက်ခံအသံ ထည့်ထားပြီး TitTok Video ပေါ်မှာလည်း “MRTV မှ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ရွေ့ပြောင်းကြောင်း ကြေညာ” လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွေ့လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုတစ်ပုဒ်သာ ဖြစ်ကြောင်းတွေ့ရပါတယ်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထားဆဲဖြစ်ပြီး နေအိမ်အကျယ်ချုပ်ကို ပြန်ပို့ပေးခြင်း မရှိပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒီသတင်းအမှားဟာ ၎င်းတို့ Video ကို လူအများဝင်ရောက် ကြည့်ရှု့အောင် ခေါင်းစဉ်မှာ လိမ်ညာရေးသားထားတဲ့ TikTok Video သာ ဖြစ်ပါတယ်။