အဆိုပါ သတင်းအတုကို TikTok လူမှုကွန်ယက် သုံးစွဲသူတွေက ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ ၎င်း Video ထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်ငြိမ်းချမ်းသာခွင့်ရပြီ ဖြစ်တယ်လို့ Video အပေါ်မှာ စာရေးထားသလို နောက်ခံ အသံလည်း ရွက်ဆိုကာ ထပ်မံ ပြောဆိုထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည် လွတ်ငြိမ်းချမ်းသာခွင့် ရပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုတစ်ပုဒ်သာ ဖြစ်ကြောင်းတွေ့ရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထားဆဲ ဖြစ်ပြီး ပြန်လွတ်ပေးခြင်း မရှိပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒီသတင်းအမှားဟာ ၎င်းတို့ Video ကို လူအများဝင်ရောက် ကြည့်ရှု့အောင် ခေါင်းစဉ်မှာ လိမ်ညာရေးသားထားတဲ့ TikTok Video သာ ဖြစ်ပါတယ်။