HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်တယ်ဆိုတဲ့ သတင်းအတု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားပြီ ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 20 April 2023 5:07 PM IST

အဆိုပါ သတင်းအတုကို Page 191 အမည်ရှိတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၆ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့နောက်ခံဓါတ်ပုံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီခေါင်းဆောင် ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “တပ်တွင်းသတင်းပေါက်ကြား အမေစု ဆုံးပြီ” လို့ ရေးသားထားပါတယ်။ အဆိုပါ Video ကိုလူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ “သင်္ကြန်ပြီး မတရားဝင် ကြေညာမဲ့ အမေစုသတင်း” (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ Video ကို Like လုပ်ထားသူ ၅ ထောင်ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၂ သိန်း ၆ သောင်း ကျော်ရှိကာ ထပ်ဆင့်မျှဝေသူတွေလည်း ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီဖြစ်ကြောင်း တပ်တွင်းသတင်းပေါက်ကြား လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအမှားတွေဟာ မကြာခဏ ဖြန့်ဝေလေ့ရှိကြပြီး အခုဖြန့်ထားတဲ့ သတင်းပုံစံကို လွန်ခဲ့တဲ့ မတ်လ ကလည်းဖြန့်ဝေခဲ့ကြပါသေးတယ်။

ယခင်လက ဖြန့်ခဲ့တဲ့ သတင်းအမှားကို အောက်ပါ Link မှာ ဖတ်ပါ။

ဒေါ်စုကွယ်လွန်ပြီဟု စစ်တပ်က ထုတ်ပြန် ဆိုတဲ့ သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၉ နှစ် ချမှတ်ခံထားရပြီး ကျန်းမာရေးကောင်းမွန်စွာရှိနေတယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။ BBC သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို အောက်ပါ link မှာ ဖတ်ပါ။

ဒေါ်အောင်ဆန်းစုကြည်အမှုတွေ အထူးအယူခံတင်မယ် ကျန်းမာရေးကောင်းမွန်တယ်လို့သိရ

ဒါ့အပြင် သတင်းအမှားထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုကို ဖုံးကွယ်ခဲ့တဲ့အကြောင်း ဒေါ်စန္ဒာမင်း ဝန်ခံဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ၊ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Cilckbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories