HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဗြိတိန်က NUG ကို တိုက်လေယာဉ် ထောက်ပံ့ပေးတယ်ဆိုတဲ့ သတင်းအတု

ဗြိတိန်နိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဒေါ်လာ (၅) သန်းတန် တိုက်လေယာဉ် ထောက်ပံ့ပေးတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 30 Dec 2023 7:11 PM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ ၎င်း Video ရဲ့ နောက်ခံမှာ ဒေါ်ဇင်မာအောင်နဲ့ ဗြိတန်နိုင်ငံခြားရေးဝန်ကြီးတို့ လက်ဆွဲနုတ်ဆက်နေတဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၃၀ ရက် အထူးသတင်း၊ ဗြိတိန် NUG ကို ထောက်ပံ့နေပြီဗျို့၊ ဒေါ်လာ (၅) သန်းတန် ဂျက်ဖိုက်တာ လေယာဉ်ကို NUG စစ်ဆင်ရေးအတွက် ပေးလိုက်ပြီဗျို့” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို နာရီပိုင်းအတွင်း YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၁၇၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဗြိတိန်နိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဒေါ်လာ (၅) သန်းတန် တိုက်လေယာဉ် ထောက်ပံ့ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ဗြိတိန်နိုင်ငံက အစဉ်ဆန့်ကျင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရအပေါ် အကူအညီပေးမှုတွေ၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးမှုတွေ ရှိခဲ့ပေမယ့် တိုက်လေယာဉ် အကူအညီပေးတာ၊ ထောက်ပံ့တာတော့ မရှိသေးပါဘူး။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။ Video အတွင်းမှာ ရေဦးမြို့ အားကစားရုံမှာ ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲခံရဆိုတဲ့ သတင်းနဲ့ တစ်ခြား သတင်းအကြောင်းအရာတွေကို ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories