HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီခေါင်းဆောင်ရဲ့ ပိုင်ဆိုင်မှုတွေ အကုန်ပိတ်သိမ်းခံရတယ်ဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေအကုန် ပိတ်သိမ်းခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 20 May 2023 8:29 PM IST

အဆိုပါ သတင်းအတုကို Babar Fans ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၈ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ မိနစ် ၂၀ ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ မေလ ၁၈ ရက်၊ ၂၀၂၃ ဆိုတဲ့ နေ့စွဲကို ဖော်ပြထားပြီး “မအလ ခွေးဖြစ်ပြီ။ ပိုင်ဆိုင်မှုအကုန် ပိတ်သိမ်းခံရပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ၎င်း Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ အဆိုပါ ရေးသားမှုအတိုင်း ဖော်ပြထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့သူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အာဏာသိမ်းစစ်အုပ်စုရဲ့ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုတွေအကုန် ပိတ်သိမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ ၊ နောက်ခံဓါတ်ပုံတွေ အသုံးပြုပြီး လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ရဲ့ မည်သည့် ပိုင်ဆိုင်မှုမှ ပိတ်သိမ်းခံရခြင်း မရှိပါဘူး။ ၎င်းက အာဏာအသုံးပြုပြီး ကိုယ်ကျိုးစီးပွားရှာနေဆဲ သား၊ သမီးနာမည်နဲ့ စီးပွားရေးလုပ်ငန်းအသစ်တွေ ဆက်လုပ်နေဆဲသာဖြစ်ပါတယ်။

ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ထဲမှာလည်း မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှု အကုန်ပိတ်သိမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ တစ်ခြားသတင်းအကြောင်းအရာတွေ စစ်ရေးသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories