အဆိုပါ သတင်းအတုကို TikTok အကောင့်တစ်ခုက ဖြန့်ထားတာ ဖြစ်ပြီး သရုပ်ဆောင် ဖြိုးငွေစိုးရဲ့ ဓါတ်ပုံတွေကို အသုံးပြုကာ ၎င်းဖမ်းဆီးခံလိုက်ရတဲ့အကြောင်း နောက်ခံ အသံရွတ်ဆိုကာ သတင်းပြုလုပ်ထားပါတယ်။ ဒီ Video အပေါ်မှာတော့ “ဖြိုးငွေစိုး ညက ပါသွားပြီ။ သရုပ်ဆောင် ဖြိုးငွေစိုး နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခံရ” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ TikTok Video ကို like လုပ်ထားသူ ၁၁၀၀၀ ထောင်ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
သရုပ်ဆောင် ဖြိုးငွေစိုး နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခံရတယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သရုပ်ဆောင် ဖြိုးငွေစိုးဟာ ဖမ်းဆီးခံရခြင်း မရှိပါဘူး။ ၎င်းရဲ့ လူမှုကွန်ယက် စာမျက်နှာကို ပုံမှန် အသုံးပြုနေသလို အင်တာဗျူးတွေမှာ ပုံမှန်မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒီသတင်းအမှားဟာ ၎င်းတို့ Video ကို လူအများဝင်ရောက် ကြည့်ရှု့အောင် ခေါင်းစဉ်မှာ လိမ်ညာရေးသားထားတဲ့ Video သာ ဖြစ်ပါတယ်။