HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မန္တလေးမြို့ပေါ်က အုပ်ချုပ်ရေးမှူး ၁၅ ဦးကို ပုဆိန်နဲ့ ခုတ်သတ်တယ်ဆိုတဲ့ သတင်းအတု

မန္တလေးမြို့ပေါ်က အုပ်ချုပ်ရေးမှူး ၁၅ ဦး ပုဆိန်နဲ့ ခုတ်သတ်လိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 18 July 2023 9:59 AM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တွေနဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွေကတဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ဗိုလ်နဂါးရဲ့ ဓါတ်ပုံတစ်ပုံရယ် တစ်ခြားသူတွေ ပါဝင်တဲ့ သေနတ်လို့ ယူဆရတဲ့အရာကိုင်ထားတဲ့သူတွေပါဝင်တဲ့ ဓါတ်ပုံရယ်ကို ပေါင်းကာ တစ်ပုံထဲအဖြစ်ပြုလုပ်ထားပြီး ဓါတ်ပုံအပေါ်မှာ “မတွေးရဲစရာ သွေးချောင်းစီးပြီ။ အမြန်နှုတ်ထွက်ကြ။ မန္တလေးမြို့ပေါ်က အုပ်ကြီး ၁၅ ဦး ပုဆိန်နဲ့ ခုတ်သတ်လိုက်ပြီ။ လန့်ကုန်ပြီ” လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

မန္တလေးမြို့ပေါ်က အုပ်ချုပ်ရေးမှူး ၁၅ ဦးကို ပုဆိန်နဲ့ ခုတ်သတ်လိုက်ပြီဆိုတဲ့ အကြောင်းအရာတွေ Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ၁၅ ယောက် ပုဆိန်နဲ့ ခုတ်သတ်ခံရတဲ့ ဖြစ်စဉ် မရှိသလို အလားတူတိုက်ခိုက်မှုမျိုးနဲ့ မှုခင်းဖြစ်စဉ်မျိုးလည်းဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ သတင်းတစ်ရပ်မှာတော့ မန္တလေးမြို့နေ ဆရာဝန်တစ်ဦးရဲ့အိမ်ကို သေနတ်အတုနဲ့ ဝင်ရောက်အကြမ်းဖက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အိမ်ရှင်က ပြန်လည်ခုခံတာကြောင့် ပုဆိန်နဲ့ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာလည်း အခုသတင်းတုမှာရည်ညွှန်တဲ့အကြောင်းအရာနဲ့ဆက်စပ်ခြင်းမရှိပါဘူး။ 

ဒါ့အပြင် ၎င်းတို့ဖြန့်ဝေထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ အမှတ် ၃ ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်သားဟောင်း ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း THAZI People's Defence Force TZ PDF က တာဝန်ရှိသူတစ်ဦးက ပြောကြားတယ်ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories