HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကချင်ကထွက်ခွာကြဖို့ လိမ်လည်ဖြန့်ဝေတဲ့ ကြေငြာချက်အတု

ကချင်ပြည်နယ်မှာ စစ်မှုမထမ်းမနေရ သတ်မှတ်ကာ ဒေသရင်းကမဟုတ်တဲ့ပြောင်းရွှေ့လာသူတွေကို နေရပ်ပြန်ဖို့ KIO သတိပေးတယ်ဆိုတဲ့ ကြေငြာချက်အတုတစ်စောင်ပြန့်နှံ့လျက်ရှိပါတယ်။

By - Boom Live Myanmar | 12 May 2021 2:59 PM IST

ဒီကြေငြာချက်ကို အကောင့်အတုတွေနဲ့ page တွေကနေ တချိန်တည်းဖြန့်ဝေနေတာဖြစ်ပြီး ကချင်ပြည်နယ်တွင်းနေထိုင်သူတွေကြား စိတ်ဝမ်းကွဲစေနိုင်တဲ့ အကြောင်းအချက်တွေကို ထည့်သွင်းရေးသားပြီးဖြန့်ဝေထားတာဖြစ်ပါတယ်။ 

ရေးသားဖြန်ွှဝေနေကြတဲ့ Facebook ပို့စ်တွေမှာ "ကချင်ပြည်နယ်ရဲ့အချုပ်အခြာကိုထိပါးနှောက်ယှက်လာတဲ့ဘေးကနေကာကွယ်ဖို့ ပြည်နယ်သူ/သားတွေအနေနဲ့ ကချင်ပြည်နယ်ရဲ့ တစ်ခုတည်းသော KIA (ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) သို့ ၃ နှစ်စစ်မှု မထမ်းမနေရသတ်မှတ်ကြောင်း၊ ကချင်ပြည်နယ်မှာ ၁၉၆၀ မတိုင်မီကတည်းကနေထိုင်တဲ့ တိုင်းရင်းသားတွေလူမျိုးအားလုံး (ဗမာ အပါအဝင်)နှင့် အိန္ဒိယ/ နီပေါနွယ်ဖွား၊ တရုတ်လူမျိုးများ အားလုံးကို ကချင်ပြည်နယ် သူ/သား အဖြစ် KIO/ KIA ကနေ သတ်မှတ်ကြောင်း၊ ၁၉၆၀ နောက်ပိုင်းမှ ကချင်ပြည်နယ်ကိုရောက်ရှိလာတဲ့ ဘယ်လူမျိုးမဆိုကို ဧည့်ပြည်နယ်သားတွေအဖြစ်ပဲ သတ်မှတ်ကြောင်းနဲ့ (၆) လအတွင်း မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့အတူ မူရင်းအရပ်ဒေသကို အပြီးပြောင်းရွှေ့ကြဖို့ကို သတိပေးတယ်" ဆိုတဲ့ အချက်အပါအဝင်  အချက်ငါးချက်ပါထုတ်ပြန်ချက်အတုကို ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖြန့်ဝေနေမှုတွေမှာ ပါတဲ့ KIA ရဲ့ သတိပေးစာ ဆိုတဲ့ စာမှာ အတုသာဖြစ်ပြီး ကချင်ပြည်နယ်အတွင်းနေထိုင်သော လူမျိုးများကြား သွေးခွဲသပ်လျှိုမှုများ ရှိလာနိုင်တာကြောင့် သတိထားကြဖို့ KIA တပ်တွေကို အသိပေးအကြောင်းကြားထားတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ခုဖြန့်ဝေနေတဲ့ KIA ရဲ့ သတိပေးစာအတုနဲ့ပတ်သက်လို့ ကချင်ပြည်နယ်သတင်းတွေအများဆုံး ဖော်ပြပေးနေတဲ့ Kachinwaves သတင်းဌာနရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကိုဆက်သွယ်မေးမြန်းပြီးသတင်းဖေါ်ပြထားပါတယ်။


Kachinwaves သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ဒါ့အပြင် Khit Thit Media သတင်းဌာနမှာလည်း ခုဖြန့်နေတဲ့ စာဟာ အတုသာဖြစ်တဲ့အပြင် ယခုတိုက်ပွဲသည် နောက်ဆုံးတိုက်ပွဲဖြစ်လို့ ကချင်ပြည်နယ်အတွင်းနေထိုင်သော လူမျိုးများကြား သွေးခွဲသပ်လျှိုမှုများ ရှိလာနိုင်တဲ့အတွက် သတိထားကြဖို့ KIA တပ်မဟာ အသီးသီးသို့ KIO ဗဟိုမှ စာပို့ထားကြောင်း ဖော်ပြထားပါတယ်။


Khit Thit Media မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories