HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မီးရထားမိုင်းခွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းအမှား

စစ်လက်နက်တွေ သယ်ယူပို့ဆောင်နေတဲ့ မီးရထား မှိုင်းဆွဲဖောက်ခွဲခံရတဲ့သတင်းတွေဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာဆက်တိုက်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 20 Sept 2021 7:25 PM IST

ဒီသတင်းအမှားကို Top One Burmese II ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ ခုနှစ်ထောင်ကျော် ရှိပါတယ်။ သတင်းစုံ အကုန်သိ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကလည်း ဒီသတင်းအမှားကိုပဲ ဖြန့်ဝေရာမှာ "စစ်လက်နက်တွေ သယ်ယူပို့ဆောင်နေတဲ့ မီးရထား မှိုင်းဆွဲဖောက်ခွဲခံရ။ စစ်ခွေး ၂၀၀ သေဆုံး" ဆိုပြီး သတင်းပြုလုပ် ဖြန့်ဝေထားသေးပါတယ်။


ဒီလိုဖြန့်ဝေရာမှာ "စစ်လက်နက်တွေ သယ်ယူပို့ဆောင်နေတဲ့ မီးရထား မှိုင်းဆွဲဖောက်ခွဲခံရ" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ၁၃ မိနစ်ကြာ ရုပ်သံဗွီဒီယိုဖိုင်တစ်ခုလည်း ပါဝင်တာကို တွေ့ရပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်ဖြန့်ဝေနေတဲ့ "စစ်လက်နက်တွေ သယ်ယူပို့ဆောင်နေတဲ့ မီးရထား မှိုင်းဆွဲဖောက်ခွဲခံရ" ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အတွင်း မန္တလေး- မြစ်ကြီးနား မီးရထားလမ်းပိုင်းရှိ တံတား ၁ စင်းနဲ့ သံလမ်းအချို့ မိုင်းခွဲခံရတဲ့ဖြစ်စဉ်သာဖြစ်ပွားခဲ့တာဖြစ်ပြီး မီးရထား ဒီဖြစ်စဉ်ဟာလည်းစစ်လက်နက်သယ်ဆောင်တဲ့ရထားကိုမိုင်းခွဲထားတာမဟုတ်ပါဘူး။

မန္တလေး- မြစ်ကြီးနား မီးရထားလမ်းပိုင်းမိုင်းခွဲခံရတဲ့ဖြစ်စဉ်တွေကို အောက်ပါသတင်းတွေမှာကြည့်ရှုနိုင်ပါတယ်။


မိုင်းကွဲမှုဖြစ်ခဲ့တဲ့ တံတားမှာ မိုင်တိုင်အမှတ် ၄၇၃/၄ နှင့် ၆ ကြားက တံတားအမှတ် ၁၅၉ ဖြစ်ပြီး လုံခြုံရေးအခြေအနေအရ ပြန်လည်ပြင်ဆင်နိုင်ခြင်း မရှိသေးတာကြောင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ လက်တလော သွားလာပြေးဆွဲလို့ မရနိုင်သေးဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

"စစ်လက်နက်တွေ သယ်ယူပို့ဆောင်နေတဲ့ မီးရထား မိုင်းဆွဲဖောက်ခွဲခံရ" လို့ ရေးသားဖြန့်ဝေနေမှုထဲမှာ ပါတဲ့ ရုပ်သံဖိုင်မှာလည်း တံတားအမှတ် ၁၅၉ မိုင်းကွဲတဲ့ သတင်းကိုသာ ကြေငြာနေတာ ဖြစ်ပြီး မီးရထားမိုင်း ကွဲတယ်ဆိုတဲ့အကြောင်းအရာ ပါဝင်ခြင်း မရှိတာကို တွေ့ရပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မီးရထားလမ်းပိုင်း မိုင်းကွဲတဲ့ သတင်းနဲ့ပါတ်သတ်ပြီး ပြည်တွင်း မီဒီယာတွေရဲ့ ရေးသားဖော်ပြထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။ 

Tags:

Related Stories