HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က ရေကြီးနေတဲ့ ဗီဒီယိုဖိုင်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

လေပြင်းတိုက်ခတ်ပြီး ရေးကြီးနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို အသုံးပြုပြီး အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ လက်ရှိ ရေကြီးနေသယောင် ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 31 July 2024 5:23 AM GMT

ဒီအကြောင်းအရာကို ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ဇူလိုင်လ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေနေကြာတာပါ။

ဖြန်ဝေရာမှာ အိန္ဒိယနိုင်ငံရဲ့ အထင်ကရနေရာတစ်ခုမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေတွေလျှံတက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို အသုံးပြုပြီး ‘ကုန်းနဲ့ ပင်လယ်ရေမျက်နှာပြင် အတူတူဖြစ်နေတဲ့ မွန်ဘိုင်းမြို့ Tajmahal ဟိုတယ် အိန္ဒိယ မုခ်ဝမှာ ဒီနေ့ဖြစ်။ ဒီနေ့ မွန်းလွဲပိုင်းအချိန် ဒီရေတက်ချိန်ဖြစ်ပြီး နေရာအများစုက ၂၀၀၅ ခုနှစ် ဇူလိုင်လက ရေကြီးနေသလိုဖြစ်နေ’ လို့ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှ့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မွန်ဘိုင်းမြို့ Tajmahal ဟိုတယ် အိန္ဒိယ မုခ်ဝမှာ လက်ရှိရေကြီးနေတဲ့ ဗီဒီယိုဖိုင်ကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ၂၀၂၁ ခုနှစ် မေလအတွင်းက အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ချိန် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုကိုတော့ NS NOW ဆိုတဲ့ အိန္ဒိယနိုင်ငံအခြေစိုက် Youtube သတင်းချန်နယ်တစ်ခုမှာ တင်ထားတဲ့ ဗီဒီယိုဖိုင် အဟောင်းဖြစ်ပါတယ်။


အထက်ပါပုံမှာ မြင်ရတဲ့ ဘယ်ဘက်က ပုံမှာ လက်ရှိဖြန့်ဝေနေတဲ့ ဗီဒီယိုကလစ်ထဲက ဖြစ်ပြီး ညာဘက်က ပုံမှာ NS NOW ဆိုတဲ့ Youtube သတင်းချန်နယ်မှာ ဖော်ပြထားတဲ့ ဗီဒီယိုထဲက ပုံရိပ်ဖြစ်ပါတယ်။

မူရင်း ဗီဒီယိုဖိုင်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

အင်အားပြင်းထန်တဲ့ တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံ အနောက်ဘက် ပင်လယ်ကမ်းခြေကို တစ်နာရီ ကီလိုမီတာ ၁၆၀ နှုန်းဖြင့် ဝင်ရောက် တိုက်ခတ်ခဲ့တယ်လို့ ထိုစဉ်က သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

စောင့်ကြည့်လေ့လာမှုတွေအရ တောက်တဲ့မုန်တိုင်းဟာ ၁၉၉၈ ခုနှစ်ကနေ ယခုအချိန်အထိ ဂူဂျာရတ်ကမ်းရိုးတန်းကို တိုက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေထဲမှာ အားအကောင်းဆုံး မုန်တိုင်း ဖြစ်တယ်လို့ သိရပါတယ။

Related Stories