HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG နဲ့ အာဆီယံတို့ အလုံးစုံ သဘောတူညီမှုရပြီဆိုတဲ့ သတင်းအမှား

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အာဆီယံတို့ကြား အလုံးစုံ သဘောတူညီမှုရပြီဆိုတဲ့အကြောင်းအရာတစ်ခု လူမှုကွန်ရက်ပေါ်ပျံ့နှံ့လျက်ရှိပြီး ဒီအကြောင်းအရာဟာ လတ်တလောသတင်းဖြစ်စဉ်တချို့ကိုချဲ့ကားပြီးပြောင်းလဲဖြန့်ဝေထားတာဖြစ်ပါတယ်။

By - Boom Live Myanmar | 13 May 2022 7:43 AM GMT

ဒီအကြောင်းအရာကို Top video new ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ၉ မိနစ်နီးပါး ကြာချိန်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ မေလ ၁၂ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေနေမှုတွေလည်း ရှိနေပါတယ်။

တကယ်တမ်းဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မေလ ၁၄ ရက်မှာ တွေ့ဆုံမယ်ဆိုတဲ့ သတင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ စုပေါင်းပြီး မြန်မာ့အရေးကို ဆွေးနွေးတိုင်ပင်ခဲ့တဲ့သတင်း၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဝါရှင်တန်မြို့ကို ရောက်နေကြောင်း စတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ကူးယူဖေါ်ပြထားတာဖြစ်ပြီးခေါင်းစဉ်မှာပါတဲ့ သဘောတူညီမှုနဲ့ပတ်သက်တဲ့ သတင်းမပါဝင်ပါဘူး။ ဒီ Video ဟာ ာူတုက ငွေရှာသူတွေပြုလုပ်လေ့ရှိတဲ့လူကြည့်များဖို့ လုပ်ကြံဖန်တီးလေ့ရှိတဲ့ပုံစံမျိုးသာဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

 အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အာဆီယံတို့ကြား အလုံးစုံ သဘောတူညီမှုရပြီဆိုတဲ့အကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ခေါင်းစဉ်သာဖြစ်ပြီး လက်ရှိအချိန်အထိ အာဆီယံနဲ့ NUG တို့ကြား သဘောတူညီချက်တစုံတရာချမှတ်ထားခြင်းမရှိသေးပဲ ကြီးမားတဲ့တွေ့ဆုံဆွေးနွေးမှုတွေတောင် ရှိမနေသေးပါဘူး။

ဒါ့အပြင် ဒီအကြောင်းအရာဟာ RFA သတင်းဌာနမှာ မေလ ၁၂ ရက်နေ့က ဖော်ပြခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာနဲ့ Benar News သတင်းဌာနရဲ့ အင်တာဗျူးကို အခြေခံပြီး ပုံကြီးချဲ့ သတင်းလုပ်ထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။


NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ တခြားအာဆီယံခေါင်းဆောင်တွေကို မလေးရှားတိုက်တွန်းခဲ့တဲ့အကြောင်းကို လိုသလိုပုံဖော်ထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။ RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ရင် အာဆီယံရဲ့ရပ်တည်ဆောင်ရွက်မှုတွေဟာ အားရစရာမရှိသေးတဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာပြည်သူတွေက ကိုယ့်တိုင်းပြည်ကို ဖျက်ဆီးနေခြင်းသာ ဖြစ်တယ်လို့  ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က အမေရိကန်မှာ စွပ်ဆွဲပြောဆိုထားပါသေးတယ်။


ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories