HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မူဆယ်မြို့ TNLA သိမ်းနေပြီဆိုတဲ့ သတင်းအမှား

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်က သိမ်းနေပြီဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 30 July 2023 8:11 AM IST

ဒီအကြောင်းအရာကို 'PDF မြေပြင်လှုပ်ရှားမူသတင်း' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ စတင် ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ် နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘မူဆယ်မြို့ TNLA သိမ်းနေပြီ ဆိုတဲ့အကြောင်းပြောပြပေးချင်ပါတယ်။ မူဆယ်မြို့အနား TNLA သိမ်းနေပြီ’ လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ မူဆယ်မြို့ TNLA သိမ်းနေပြီ ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ ဗွီဒီယိုဖိုင်ထဲမှာ တခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ 'ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီးတွင် တအောင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၃ ဦး သေဆုံးကြောင်း TNLA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောကြား' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောထားတာပဲ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာ နှစ်လကျော်ခန့်ရှိပြီဖြစ်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)တပ်နဲ့ စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လ ဒုတိယအပတ်က စတင်ပြီး ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး နှစ်ဖက် စစ်ဆေရးတင်းမာနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဇွန်နဲ့ ဇူလိုင်လတွေကစပြီး စစ်ကောင်စီတပ်နဲ့ TNLA၊ ကိုးကန့် MNDAA တပ်ဖွဲ့တွေ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် မူဆယ်မြို့ကို TNLA သိမ်းနေပြီ ဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေ ဖြစ်ပါတယ်။

Tags:

Related Stories