HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အရာတော်မြို့နယ် ကဲဘာရွာကို PDF တွေ မီးရှို့တယ်ဆိုတဲ့ သတင်းအမှား

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကဲဘာရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက မီးရှို့တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ၂ မိနစ်ခွဲကျော်ကြာ ဗွီဒီယိုဖိုင်နဲ့အတူ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 21 Dec 2021 11:02 AM IST

ဖြန့်ဝေမှုတွေကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး မီးလောင်အိမ်ခြေတွေကို မီးငြိမ်းသတ်ကာ ဗွီဒီယိုရိုက်ယူနေတဲ့ လူငယ်အချို့ပါဝင်တဲ့ ၂ မိနစ်ခွဲကျော်ကြာ ဗွီဒီယိုဖိုင်နဲ့အတူ "အရာတော်မြို့နယ် ကဲဘာရွာကို PDFအကြမ်းဖက်တွေက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တပ်က အကြမ်းဖက်PDFတွေ ကဲဘာရွာထဲခိုအောင်းနေတဲ့သတင်းရလို့ ဝင်ရောက် စစ်ဆေးချိန် ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းမှ လက်လုပ်သေနက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သိမ်းမိလိုက်ကြောင်း၊ စစ်တပ်ပြန်ထွက်ချိန် ရွာထဲကို PDF တွေ ပြန်၀င်လာပြီး ရွာခံတွေ သတင်းပေးလို့ တပ်ကလာတာဆိုပြီး တစ်ရွာလုံးကို မီးလောင်တိုက်သွင်းတာ ဖြစ်ကြောင်း" တွေ ရေးသားထားတာ ဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြစ်စဉ်အမှန်မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့က စစ်တပ်ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရတာဖြစ်ကြောင်း စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကဲဘာရွာက ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူတွေက ပြောကြားတယ်လို့ Myanmar Now သတင်းဌာနမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညပိုင်းမှာ ရေးသားဖော်ပြထားပါတယ်။


 အရာတော်မြို့ အရှေ့တောင်ဘက် ၁၄ မိုင်မှာ ရှိတဲ့ ကဲဘာရွာကို စစ်တပ်က စစ်တပ်က ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက စတင်ဝင်ရောက်ပြီး နေအိမ်အလုံး ၁၀၀ ကျော်နဲ့ စာသင်ကျောင်းထဲက စျေးဆိုင် ၁၀ လုံးကျော်ကို မီးရှို့ခဲ့တာ ဖြစ်တယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

သတင်းထဲမှာ စစ်တပ်ကဖမ်းဆီးသွားပြီး ပြန်လည်လွတ်မြောက်လာသူအချို့ရဲ့ အသံတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ကဲဘာရွာသည် ရွာဟောင်း၊ ရွာသစ်နဲ့ သိမ်တော်ကုန် ရွာသုံးရွာ တစ်ဆက်တည်းရှိပြီး အိမ်ခြေ ၅၀၀ ခန့်ရှိကြောင်းနဲ့ စစ်တပ်ရဲ့ လက်ချက်ကြောင့် မြောက်ပိုင်း ရွာဟောင်းမှာရှိတဲ့ နေအိမ် ထက်ဝက်နီးပါး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံ PDF ဘက်က ပြောကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories