အချိန် ၂၃ စက္ကန့်ခန့်ကြာမြင်တဲ့ ဒီဗွီဒီယိုဖိုင်ကို နိုင်ဝင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်မှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး "ကလေးတွေရှိနေတဲ့ စာသင်ကျောင်းထဲကို PDF တွေက သေနတ်နဲ့ပစ်ပြီး Online ပေါ်တင်ထားတယ် ၊ ကလေးတွေကို ထိခိုက်မှု ရှိ/မရှိတော့ မသိရသေးဘူး ။ ဓမ္မဆိုတဲ့လူတွေ ပြောကြပါအုံး။ လက်နက်မဲ့ဘုန်းကြီးကို သတ်တာ ဓမ္မလား။ ပညာသင်နေတဲ့ ကလေးတွေကို ပစ်တာ ဓမ္မလား။ မင်းတို့လည်း လူယုတ်မာတွေပါပဲကွာ။" လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ကို စစ်ဆေးကြည့်ရာ အဆိုပါဖြစ်စဉ်ဟာ ခေတ်သစ်မီဒီယာ သတင်းဌာနမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က ဖော်ပြထားတဲ့ "မုံရွာရဲသင်တန်းကျောင်းကို PDF ၃ ဖွဲ့ပေါင်း ဝင်ပစ်" ဆိုတဲ့ သတင်းက ဗွီဒီယိုဖိုင်ကိုြ့န်လည်ဖြန့်ဝေနေတာဖြစ်ကြောင်း တွေ့ရပါတယ်။
မူရင်းဖြစ်စဉ်ဟာ စစ်ကိုင်းတိုင်း၊မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် ရဲလေ့ကျင်ရေးသင်တန်းကျောင်းကို PDF ၃ ဖွဲ့ပေါင်း ဝင်ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်က ရုပ်သံသာဖြစ်ပါတယ်။
ခေတ်သစ်မီဒီယာမှာ ဖော်ပြခဲ့တဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။