ဒီသတင်းကို Myohla Village ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး ၂၄ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေသူ တစ်ထောင့် ရှစ်ရာခန့် ရှိခဲ့ပါတယ်။ ဖြန့်ဝေရာမှာ ရဲတပ်ဖွဲ့ဝင်အများအပြားက လိုက်လံစစ်ဆေးနေတဲ့ ပုံတွေကို အသုံးပြုပြီး "မိတ္တီလာတွင် ချိန်းတွေ့နေသော အတွဲများကို နှာခေါင်းစည်းများ တပ်ထားရန်နှင့် တစ်ဦးနှင့်တစ်ဦး ပူးကပ်မနေဘဲ ခပ်ခွာခွာနေရန် လိုက်လံသတိပေးပြောကြား" ဆိုပြီး ရေးသားထားတာပါ။
ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီသတင်းပါ ဓါတ်ပုံတွေကို ၂၀၂၀ ခုနှစ် ဧပြီလ ၂၁ ရက် အစောဆုံး အွန်လိုင်းပေါ်မှာ တွေ့ရတာဖြစ်ပြီး ရွှေမောင်မောင်(မိတ္တီလာ) ရေးသားတင်ပြခဲ့တဲ့ "အတွဲများအား နှာခေါင်းစည်းများတပ်ရန်နှင့် ခွါထိုင်ရန် အသိပေး" ဆိုတဲ့ သတင်းက ဓါတ်ပုံတွေဖြစ်ပါတယ်။
ဒီသတင်းကို မိတ္တီလာနဲ့ သက်ဆိုင်တဲ့ ဖေစ့်ဘွတ်ပေချ့်တွေ ဝက်ဘ်ဆိုက်တွေမှာ ဧပြီလအတွင်းက တင်ထားတာ တွေ့ရပါတယ်။
သတင်းထဲမှာ မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့နယ်မှာ Covid19 ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို အားကစားနှင့် ကျမ်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များနှင့် အညီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများမှ သက်ဆိုင်ရာ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ပူးပေါင်းပြီး နေ့စဉ် အရှိအဟုန်မြှင့်ဆောင်ရွက်နေကြောင်း ရေးသားထားတာပါ။