ဖြန့်ဝေမှုတွေကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ အကောင့်တွေက အောက်တိုဘာလ ၂၂ ရက်နေ့က စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး " မကြာမီ နိုင်ငံရေးအပြောင်းအလွှဲ ရှိကြောင်း၊ စင်္ကာပူ၊ လာအို၊ ထိုင်း နဲ့ မလေးရှားနိုင်ငံတွေက မြန်မာသံရုံးတွေကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံတွေမှာရှိတဲ့ ကျန်သံရုံးတွေကိုလည်း အခြေအနေအရ စောင့်ကြည့်နေပြီး လိုအပ်ပါက ထပ်မံပိတ်သွားဘို့ ရှိကြောင်း နဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို မကြိုက်တဲ့ လူတစ်စုအတွက် ခေတ်တစ်ခေတ်ကို ရုတ်တရက်ပြောင်းလဲရန် သုံးသပ်နေတာ ဖြစ်ကြောင်း" ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အာဆီယံနိုင်ငံတွေက မြန်မာသံရုံးတွေ ပိတ်လိုက်ပြီဆိုတဲ့ ဖြန့်ဝေရေးသားနေမှုတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပါတ်သတ်ပြီး မည့်သည့် သတင်းဌာနတွေမှာမှ ဖော်ပြထားခြင်း မရှိသလို သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးရဲ့ တရားဝင်ဝက်ဆိုက်တွေမှာလည်း ကြေငြာထားတာ မရှိပါဘူး။
အထက်ပါပုံမှာ စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးဝက်ဆိုက်မှာ အောက်တိုဘာလ ၂၅ ရက်နေ့က ဖော်ပြထားတဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုင်ငံခြားရောက် မြန်မာကလေးများ အခြေခံပညာသင်ယူခြင်း အစီအစဉ်အတွက် သင်တန်းသားခေါ်ယူတဲ့ ကြေညာချက်ဖြစ်ပါတယ်။
ဒီနေရာ မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။