HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆိုင်ကလုန်းမုန်တိုင်း Remal ဓာတ်ပုံတွေ မဟုတ်ပါ

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိမ်နီးချင်းအိန္ဒိယနိုင်ငံတွေကို အရှိန်ပြင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Remal ရဲ့ ဓာတ်ပုံတွေဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 29 May 2024 4:09 PM GMT

ဒီဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Thread ပေါ်မှာ dipdipankar.paul ဆိုတဲ့ အကောင့်က မေလ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာပါ။

ဖြန့်ဝေရာမှာ ပင်လယ်ပြင်ပေါ်က မုန်တိုင်းကြီးတိုက်ခတ်နေတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မြို့က ဆိုင်ကလုန်း Remal လို့ အဓိပ္ပာယ်ရတဲ့ အကြောင်းအရာကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မြို့က ဆိုင်ကလုန်း Remal ဆိုတဲ့ ဓာတ်ပုံတွေကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံတွေ ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို AI နဲ့ ဖန်တီးထားမှုတွေကို ဆန်းစစ်ကြည့်ရှု့နိုင်တဲ့ ဝက်ဆိုက်တွေမှာ စစ်ဆေးကြည့်ရှု့ခဲ့ရာမှာ ဒီဓာတ်ပုံတွေဟာရာခိုင်နှုန်းပြည့်နီးပါး AI နဲ့ ဖန်တီးထားဖြစ်တယ်လို့ တွေ့ရပါတယ်။


နောက်ထပ်အကြောင်းအရာအနေနဲ့ ဒီဓာတ်ပုံတွေကို OBX LIVE ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၁၉ ရက်နေ့ နေ့လည်ပိုင်း ကတည်းက စတင်ဖြန့်ဝေခဲ့တာပါ။


ဖျက်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း Remal ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိမ်နီးချင်းအိန္ဒိယနိုင်ငံတွေကို မေ ၂၆ ရက် ညနေခင်းပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။

ဒါကြောင့် အခုဖြန့်ဝေထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မြို့က ဆိုင်ကလုန်း Remal ဆိုတဲ့ ဓာတ်ပုံတွေဟာ အချက်အလက် အမှားတွေပဲ ဖြစ်ပါတယ်။

OBX LIVE ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

လက်ရှိမှာ ဆိုင်ကလုန်းမုန်တိုင်း Remal ဒဏ်ကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေမှာ သေဆုံးသူ ၂၃ ဦးရှိခဲ့ပြီး အိမ်ခြေ ထောင်ပေါင်းများစွာ ပျက်စီးကာ ရေးလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။

Related Stories