ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေမှာ မတ်လ ၂၈ ရက်နေ့က စတင်ပြီး ပုံစံအမျိုးမျိုးနဲ့ ဖြန့်ဝေနေတာပါ။ဖြန့်ဝေရာမှာ ဗွီဒီယိုဖိုင်နဲ့အတူ ‘နိုင်ငံတကာသံရုံးတွေ အကုန် အိမ်ပြန်ပို့မည်ဟု မအလရဲ့ မဲလုံးပြောပြီ’၊ ‘ခေတ်သစ် ကြေညာပြီ။ သံရုံးတွေ လိုက်သိမ်းနေပြီ’ စတဲ၌ ခေါင်းစဉ်အမျိုးမျိုး ရေးသားကာ ဖြန့်ဝေနေတာဖြစ်ပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ ဗွီဒီယိုတွေဟာ အများပြည်သူကို မျှောလင့်ချက်အမှားတွေပေးတဲ့ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်တွေထဲမှာ နိုင်ငံတကာ သံရုံးတွေနဲ့ ပက်သက်တဲ့ အကြောင်းအရာ မပါဝင်သလို ခေတ်သစ်မီဒီယာမှာလည်း 'သံရုံးတွေ လိုက်သိမ်းနေပြီ' ဆိုပြီး ရေးသားဖော်ပြထားတာ မရှိပါဘူး။
ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။