HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သေ့ဘောဘိုးစခန်း မကျဆုံးကြောင်း လိမ်လည်သတင်းဖြန့်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် ထိုင်း-မြန်မာနယ်စပ်အနီးရှိ သေ့ဘောဘိုးစခန်း KNLA ပူးပေါင်း တပ်ဖွဲ့တွေက မေလ ၁၈ ရက်နေ့က တိုက်ခိုက်ခဲ့ပေမယ့် စခန်းကျဆုံးခြင်း မရှိကြောင်း စစ်တပ်ထောက်ခံသူတွေကြား သတင်းအမှားတွေ ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar | 20 May 2022 3:47 PM IST

ဒီအကြောင်းအရာကို မေလ ၁၈ နေ့လည်ပိုင်းမှာ စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ အကောင့်တွေမှာ စတင်ဖြန့်ဝေနေတာပါ။ ဖြန့်ဝေရာမှာ "လေးကေ့ကော်ဒေသအတွင်း KNLA ပူးပေါင်းအဖွဲ့နဲ့ PDF တွေကို စစ်တပ်က ဖိအားပေးတိုက်ခိုက်နေကြောင်း၊ မြဝတီတောင်ဘက်ခြမ်းက သေ့ဘောဘိုးစခန်း ကျဆုံးခြင်းမရှိကြောင်းနဲ့ စစ်သည်အကျဆုံးလည်း မရှိကြောင်း" တွေ ဝါဒဖြန့်ရေးသားကာ စစ်တပ်ထောက်ခံသူတွေကြား ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်က စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို KNLA ပူးပေါင်း တပ်ဖွဲ့တွေက မေလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ယုံကြည်ရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သေ့ဘောဘိုးစခန်းသိမ်းပြီးချိန် KNLA Cobra ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ အောင်ပွဲခံအလံစိုက်တဲ့ ရုပ်သံဖိုင်တွေလည်း ဖော်ပြထားပါတယ်။


စခန်းသိမ်းပြီး ရန်သူ့လက်နက်တွေ ရရှိကြောင်း၊ မိုးရွာနေတဲ့အတွက် လက်နက်ဘယ်လောက်ရတယ်ဆိုတာကို မရေတွက်ရသေးကြောင်းနဲ့ ပူးပေါင်းအဖွဲ့တွေဘက်မှာလည်း ထိခိုက်ကျဆုံးသူတွေ ရှိတယ်လို့ Cobra စစ်ကြောင်း ပြောခွင့်ရှိသူ ကိုမျိုးသူရကိုကိုက ပြောကြားကြောင်း သတင်းထဲမှာ ဖော်ပြထားပါတယ်။

စခန်းသိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ၃၅ ကြိမ်ခန့် တိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သေ့ဘောဘိုးစခန်း အသိမ်းခံရပြီးနောက် အကြမ်းဖက်စစ်တပ်က ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်နေတဲ့ မှတ်တမ်းရုပ်သံကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories