သတင်းအတု

မြန်မာကို အာစီယံအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ဖို့ မလေးရှားဘုရင် လွှတ်တော်အစည်းအဝေးခေါ်တယ်ဆိုတဲ့ သတင်းအမှား

မြန်မာကို အာစီယံအဖွဲ့ဝင်အဖြစ်မှ NUGအစိုးရအာဏာပြန်ရသည်အထိ ဆိုင်းငံ့ထားရန် မလေးရှားဘုရင့်လွှတ်တော် အစည်းအဝေးခေါ်ယူ ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 30 Jun 2021 8:09 PM IST

မြန်မာကို အာစီယံအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ဖို့ မလေးရှားဘုရင် လွှတ်တော်အစည်းအဝေးခေါ်တယ်ဆိုတဲ့ သတင်းအမှား

ဒီဖြန့်ဝေနေမှုတွေကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြန့်ဝေနေတာဖြစ်ပြီး "မြန်မာကို အာဆီယံအဖွဲ့ဝင်နိူင်ငံအဖြစ် ရပ်ဆိုင်းလိုက်ပါပြီ။ မြန်မာကို အာစီယံအဖွဲ့ဝင်အဖြစ်မှ NUGအစိုးရအာဏာပြန်ရသည်အထိ ဆိုင်းငံ့ထားရန် မလေးရှားဘုရင့်လွှတ်တော် အစည်းအဝေးခေါ်ယူ" လို့ ရေးသားဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

တကယ်တော့ ဒီသတင်းဟာ သတင်းအမှားသာဖြစ်ပြီး မလေးရှားဘုရင်အနေနဲ့ အထူးညီလာခံကို ဥက္ကဌအဖြစ် တက်ရောက်ခဲ့ပြီးနောက် ပြန်လည်သင့်မြတ်ရေးအတွက် လွှတ်တော်အစည်းအဝေတွေကို အမြန်ဆုံးပြန်လည်ကျင်းပသင့်တယ်လို့ ပြောကြားခဲ့ခြင်းသာ ဖြစ်ပါတယ်။



ဒီသတင်းကို Channel News Asia သတင်းဌာနမှာ ဇွန်လ ၁၆ ရက်နေ့က ဖော်ပြခဲ့တာဖြစ်ပြီး ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories