တကယ်တော့ ဒီဖြန့်ဝေမှုကို Burma Times News Agency ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ၂၀၁၆ ခုနှစ် မတ်လ ၂ ရက်နေ့ကတည်းက နောက်ပြောင်ဖြန့်ဝေထားတာဖြစ်ပြီး အခုတခါ ပိုစ့်အဟောင်းကိုပဲ ပြန်လည်ဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ "လွန်ခဲ့သောနှစ်၅သန်းခန့်က ပျောက်ကွယ်ခဲ့သော ဒိုင်နိုဆော သတ္တဝါကြီးအား မဲခေါင်မြစ်အတွင်းမှ ဖမ်းဆီးမိခဲ့ပြီး ထိုင်းနိုင်ငံ သဘာဝဘေးမဲ့တောသို့ ဘေးမဲ့လွှတ်မည်ဖြစ်ကြောင်း၊ တန်ချိန်တစ်သောင်းခန့်ရှိ Southyuesorius မျိုးစိတ် ဒိုင်နိုဆောတကောင်ဖြစ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ်ကလည်း ဒိုင်နိုဆောကြောင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဦးမော့လာတော့မယ်လို့ ပြောဆိုကြောင်း" တွေ ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ ပုံတွေထဲက အမြင့် လေးမီတာရှိတဲ့ ဒိုင်နိုဆောရုပ်ထုတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Phrom Phong BTS အနီးက "Dinosaur Planet" ပန်းခြံကို ပို့ဆောင်ဖို့ သယ်ယူလာတာဖြစ်ပါတယ်။ ဒိုင်နိုဆော အကောင် ၂၀၀ နီးပါးထားရှိတဲ့ Dinosaur Planet ပန်းခြံကို ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။
Coconuts Bangkok မီဒီယာမှာ ရေးသားဖော်ပြထားတာကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။