HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မန္တလေးကို တိုက်ဖို့ အမေရိကန်က လက်နက်ပို့တယ်ဆိုတဲ့ သတင်းအမှား

မန္တလေးကို တိုက်ဖို့ အမေရိကန်က ဒေါ်လာ သန်း ၈၀၀ ခန့် NUG ကို ပေးအပ်ပြီး လက်နက်တွေပေးပို့တယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 29 Oct 2024 11:04 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ မန္တလေးခေတ်သစ် ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မန္တလေးကို တိုက်ဖို့ အမေရိကန် လက်နက်ပို့ပြီ။ ဒေါ်လာ သန်း ၈၀၀ ခန့် NUG ကို ပေးအပ်ပြီး အမေရိကန် NUGကို တရားဝင်ထောက်ပံ့ပေးကြောင်း ကြေညာ' လို့ ရေးသား ထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မန္တလေးကိုတိုက်ဖို့ အမေရိကန် လက်နက်ပို့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Ayeyarwaddy Times သတင်းဌာနမှာ အောက်တိုဘာ ၁၈ ရက်နေ့က ဖြန့်ဝေထားတဲ့ 'စစ်အာဏာ သိမ်းပြီး နောက်ပိုင်း အမေရိကန်က မြန်မာကို ‌‌ဒါ်လာ ၄၀၅ သန်းထောက်ပံ့ခဲ့ပြီး အများဆုံးသော အလှူရှင်နိုင်ငံအဖြစ် ရပ် တည်နေ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ကိုထည့်သွင်းထားတာဖြစ်ပါတယ်။

သတင်းထဲမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အဖြစ် အမေရိကန်‌‌‌ဒေါ်လာ ၄၀၅ သန်းကျော် ကူညီ‌ထောက်ပံ့ခဲ့ကြောင်းနဲ့ ဒီပမာဏဟာ မြန်မာနိုင်ငံကို ကူညီနေတဲ့ အလှူရှင် နိုင်ငံအားလုံးထဲမှာ အမေရိကန်နိုင်ငံက အများဆုံးသော အလှူရှင်နိုင်ငံအဖြစ် ရပ်တည်နေတယ် ဆိုတဲ့အကြောင်း ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်ကို ပြန်လည်ရေးသားဖော်ထားတာ ဖြစ်ပါတယ်။

ဒီသတင်းထဲမှာ မန္တလေးကို တိုက်ဖို့ အမေရိကန် လက်နက်ပို့တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ Ayeyarwaddy Times မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories