HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ခေါင်းဆောင် ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ဆေးကုသခံနေရတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေပြည်တော်နေအိမ်တွင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ဆေးကုသခံနေရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 31 May 2024 4:11 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၃၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင် ဆေးကုသခံနေရ။ နေပြည်တော်နေအိမ်တွင်း ဒရုန်းထပ်မံ တိုက်ခိုက်ခံရ။ သေဆုံးနိုင်ကြောင်း သတင်းထွက်နေ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ခေါင်းဆောင် ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ဆေးကုသခံနေရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Hlaing Info ဆိုတဲ့ တယ်လီဂရမ် ချန်နယ်မှာ မေလ ၂၉ ရက်နေ့က တင်ထားတဲ့ 'မင်းအောင်လှိုင် မေမြို့ ရောက်နေပြီး ဆေးလာကုတာ ဟုဆို၊ တမြို့လုံး မီးလင်းနေပြီး ဗိုလ်မှူးအဆင့်အစ အောက်ခြေစစ်သားတွေကို လမ်းပေါ် ကင်းစောင့်ခိုင်း' ဆိုတဲ့ အကြောင်းအရာဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေပြည်တော်နေအိမ် ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိသလို မေမြို့မှာ ဆေးကုသမှု ခံယူနေရတယ်ဆိုတဲ့ သက်သေအထောက်အထားလည်း မရှိပါဘူး။

အခုဖြန့်ဝေနေတာတွေဟာ သတ်းအမှားတွေပဲ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories