HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကျောက်ဖြူဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရတယ်ဆိုတဲ့ သတင်းအမှား

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ဆက်သွယ် ဖောက်လုပ်ထားတဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို ဖောက်ခွဲလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 May 2024 3:57 PM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကျောက်ဖြူဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲလိုက်ပြီ။ မအလကြင်စိုးနဲ့ တရုတ်ကြီး နားကားပြီဟေ့' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၂၄ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းကျော် ရှိနေပါတယ်။

ဖြန့်ဝေမှု ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ကျောက်ဖြူဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၂၉ ရက် နံနက်ပိုင်းက ဖော်ပြထားတဲ့ 'မြန်မာ့အရေးတွင် ဖိအားပေး အမြတ်ထုတ်သည့် တရုတ်နိုင်ငံ၏လုပ်ရပ်များ ရပ်တန့်စေရန်အတွက် မျှော်ရည်တဲ့ အိမ်နီးချင်းပေါက်ဖော် လှုပ်ရှားမှုစတင်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။


သတင်းထဲမှာ မြန်မာ့အရေးမှာ နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်စွက်ဖက် အနိုင်အထက်ပြုကျင့်နေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ပြန်လည် ကိုင်တွယ်ဖြေရှင်းဖို့ Be Better China လို့ခေါ်တဲ့ “မျှော်ရည်တဲ့ အိမ်နီးချင်းပေါက်ဖော်” လှုပ်ရှားမှုကို Defend Myanmar Democracy (DMD) အဖွဲ့က စတင်လိုက်တဲ့အကြောင်းကို ရေးသားထားတာပါ။

ဒီလှုပ်ရှားမှုဟာ မြန်မာပြည်သူတွေရဲ့ အနာဂတ်ရည်မှန်းချက်ကို လေးစားနာလည် အသိအမှတ်ပြုပြီး ရပ်တည်ပံ့ပိုးပေးဖို့ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးမူဝါဒ ဆုံးဖြတ်နေသူတွေကို အသိပေးဖို့ ရည်ရွယ်တာ ဖြစ်ကြောင်း ရေးသားထားပါတယ်။

ဒီသတင်းထဲမှာ ကျောက်ဖြူဓာတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories