HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီနဲ့ လုပ်မယ့်အစည်းအဝေး ထိုင်းဘက်က ဖျက်သိမ်းတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းနိုင်ငံက ဦးဆောင်ပြုလုပ်တဲ့ မြန်မာ့အရေးအဖြေရှာရေး ဆွေးနွေးပွဲကို ဝိုင်းဝန်းကန့်ကွက်တဲ့အတွက် ထိုင်းဘက်က ဖျက်သိမ်းခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 24 Jun 2023 11:14 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်လ ၁၈ ရက်နေ့ ကတည်းက စတင်ကာ ပုံစံအမျိုးမျိုးနဲ့ ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ထိုင်းအစိုးရ ဖိတ်ကြားမှု ဖျက်သိမ်းပြီ။ မအလ အရှက်ကွဲပြန်ပြီဟေ့’ လို့ ဖြန့်ဝေထားတာတွေ ရှိသလို အချို့ဖြန့်ဝေမှုတွေမှာတော့ ‘မအလကို စင်တင်ပေးချင်တဲ့ ပရာယွတ်ရဲ့ အာဆန်ဂျင်းပွဲ ပျက်ပြီ။ အရှက်ကွဲကြပြန်ပြီ’ လို့ ရေးသားထားတာတွေလည်း ရှိပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံက ဦးဆောင်ပြုလုပ်တဲ့ မြန်မာ့အရေးအဖြေရှာရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ ဇွန်လ ၁၉ ရက်နေ့က အာဆီယံ ဦးဆောင်နိုင်ငံတွေ မပါဘဲ ကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုပါ ဖိတ်ကြား ထားတဲ့အတွက် အာဆီယံနိုင်ငံတချို့က တက်ရောက်ဖို့ ငြင်းဆန်ခဲ့ပြီး တက်ရောက်တဲ့ နိုင်ငံတွေကလည်း ဝန်ကြီးအဆင့်အစား အဆင့်မြင့်ကိုယ်စားလှယ်တွေသာ လွှတ်ခဲ့ကြောင်း သိရပါတယ်။

ဒီဆွေးနွေးပွဲကို ကနဦးအနေနဲ့ ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ကျင်းပမယ်လို့ စီစဉ်ခဲ့ပေမယ့် အာဆီယံနိုင်ငံ တချို့အပြင် အခြားအရပ်ဘက် အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကန့်ကွက်ခဲ့တဲ့အတွက် တရက်နောက်ဆုတ်ကာ ဇွန်လ ၁၉ ရက် နေ့မှာပဲ ကျင်းပသွားတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ထိုင်းနဲ့ လာအို နိုင်ငံခြားရေးဝန်ကြီး တွေသာ အခြားအာဆီယံ နိုင်ငံတချို့ကတော့ အဆင့်မြင့်ကိုယ်စားလှယ်သာ စေလွှတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။


ဒီဆွေးနွေးပွဲနဲ့ ပက်သက်တဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုမှု များအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

Related Stories