HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တူရကီငလျင်မှာ တိုက်တွေပြိုကျပြီး လူတွေသေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ သတင်းအမှား

တူရကီမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အတွင်း တိုက်တွေပြိုကျပြီး လူတွေသေဆုံးသယောင် ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 26 April 2025 11:10 AM IST

ဒီအကြောင်းအရာကို ဒိတ်ဒိတ်ကြဲ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့် ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ငလျင်လှုပ်ခတ်မှုကြောင့် တိုက်တွေပြိုကျနေတဲ့ ဗီဒီယိုကလစ်တစ်ခုနဲ့အတူ 'ဒီနေ့ကြီး လှုပ်တာဟေ့ တူရကီမှာ ကြောက်စရာကြီးဗျာ။ တိုက်ကြီးမြေကြီးထဲ ဝင်သွားပီ‌ဗျာ' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

တူရကီငလျင်မှာ တိုက်တွေပြိုကျပြီး လူတွေသေဆုံးတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ ရုပ်သံဖိုင်ကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူလ်မြို့အနီး အင်အား မဂ္ဂနီကျူ ၆ ဒသမ ၂ အဆင့်ရှိ ပြင်းထန်ငလျင်တခု ဧပြီ ၂၃ ရက်က လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်လှုပ်ချိန်မှာ အထပ်မြင့်တွေက လူတွေ ကြောက်လန့်တကြား ခုန်ချခဲ့တဲ့အတွက် လူပေါင်း ၁၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီငလျင်ကြောင့် ပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ဘူးလို့ တူရကီအစိုးရက ထုတ်ပြန်ထားပြီး နေအိမ်တွေရဲ့ ကြံ့ခိုင်မှုအပိုင်း ထိခိုက်သွားနိုင်တဲ့အတွက် အိမ်တွေထဲကို ပြန်မဝင်ကြသေးဖို့တော့ တိုက်တွန်းထားပါတယ်။

ဒီငလျင်ကြောင့် တိုက်တွေမြေကြီးထဲ ဝင်သွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ရုပ်သံဖိုင်ထဲမှာ နေအိမ် အဆောက်အအုံတွေ ပြိုကျနေတာတွေဟာ AI နည်းပညာနဲ့ ဖန်တီးထားချက်တွေပဲ ဖြစ်ပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေးအေဂျင်စီ (USGS)က ဧပြီ ၂၃ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဟာ အစ္စတန်ဘူလ်နဲ့ ကီလိုမီတာ ၄၀ ခန့်အကွာ ပင်လယ်ကြမ်းပြင် အောက် ၁၀ ကီလိုမီတာဝန်းကျင်ခန့် အတိမ်ပိုင်းကို ဗဟိုပြုခဲ့ကြောင်း ထုတ်ပြန် ထားပါတယ်။

တူရကီ ငလျင်သတင်းတွေနဲ့ ပတ်သတ်ပြီး ရေးသားထားချက်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ဖတ်ရှု့ နိုင်ပါတယ်။

Tags:

Related Stories