HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပခုက္ကူအကျဉ်းထောင်ကို PDF တွေ ဝင်စီးတယ်ဆိုတဲ့ သတင်းအမှား

ပခုက္ကူအကျဉ်းထောင်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်စီးနင်းကာ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ကယ်ထုတ်သွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 13 Sept 2022 4:41 PM IST

ဒီအကြောင်းအရာကို စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာ စတင်ပြီး သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Jin Reach ဆိုတဲ့ ဖေစ့်ဘွတ်ပေ့ချ်နဲ့ အခြားဖေစ့်ဘွတ်ဂရုတွေမှာ ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ အချိန် ၈ မိနစ် ကြာ ရုပ်သံဖိုင်နဲ့အတူ ပုခုက္ကူအကျဉ်းထောင် PDF ဝင်စီး။ နိုင်ကျဉ်း (၅) ဦးကယ်ထုတ်လို့ ရေးသားဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းကို သတင်းဌာနတွေမှာလည်း ဖော်ပြထားပြီး သတင်းအမှန်မှာ ပခုက္ကူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၅ ယောက် ထောင်ဖောက် ထွက်ပြေးခဲ့တာဖြစ်ပြီး ပခုက္ကူမြိုနယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးက အချင်းချင်း ချိတ်ဆက်ပြီး လွတ်မြောက်ရာ နေရာကို ကယ်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။


မကွေးတိုင်း ပခုက္ကူခရိုင် အကျဉ်းထောင်မှာ အမှုစစ်ဆေးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်မှာ စက်တင်ဘာ ၁၀ ရက် မနက် ၆ နာရီခန့်က ထောက်ဖောက်ထွက်ပြေးလာတာဖြစ်ကြောင်း၊ ထွက်ပြေးလွတ်မြောက် လာသူတွေထဲမှာ တော်လှန်ရေးရဲဘော် နှစ်ယောက်ပါဝင်ပြီး နိုင်ငံရေးပုဒ်မတွေနဲ့ဖမ်းဆီးခံထားရသူ ၃ယောက် ပါဝင်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိင်ပါတယ်။

Tags:

Related Stories