HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြန်မာနိုင်ငံကို အာဆီယံကနေ ဖယ်ထုတ်လိုက်တယ်ဆိုတဲ့ သတင်းအမှား

မြန်မာနိုင်ငံကို အာဆီယံကနေ ဖယ်ထုတ်လိုက်ပြီး လူသတ်စစ်ကောင်စီလို့ မလေးရှားဝန်ကြီးချုပ် ပြောဆိုတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 Dec 2024 7:45 PM IST

ဒီအကြောင်းအရာကို Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အာဆီယံကနေ ဖယ်ထုတ်လိုက်ပြီ။ လူသတ်စစ်ကောင်စီလို့ မလေးရှားဝန်ကြီးချုပ်ပြော။ ထိုင်ခုံဖယ်ရှားခံရ' လို့ ရေးသား ထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မြန်မာနိုင်ငံကို အာဆီယံကနေ ဖယ်ထုတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media သတင်းဌာနမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မြန်မာ့ အကျပ် အတည်းကို အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် ဖြေရှင်းရေး ဆောင်ရွက်နေဟု မလေးရှားဝန်ကြီးချုပ်ပြော၊ ထိုင်းနိုင်ငံက မြန်မာ့အရေး အလွတ် သဘောဆွေးနွေးပွဲ ၂ ခုကို ဦးဆောင် ကျင်းပမည်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

ဒီသတင်းထဲမှာ မြန်မာနိုင်ငံကို အာဆီယံကနေ ဖယ်ထုတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

သတင်းထဲမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် ဖြေရှင်းရေး ဆောင်ရွက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် Datuk Seri Anwar Ibrahim က ဒီဇင်ဘာလ ၁၆ ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း၊ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra နဲ့ မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ကြောင်း၊ ဒီပွဲမှာ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ အနေနဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်များနဲ့ အညီ ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးနှင့် တင်းမာမှုလျော့ပါးရေး ဆောင်ရွက်ရန် သဘောတူညီခဲ့​ကြကြာင်း ရေးသားထားတာပါ။

Khit Thit Media သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories