ဒီအကြောင်းအရာကို Mandalay khithit ဆိုတဲ့ Youtube ချန်နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်ခေါင်းဆောင် ရုရှားကို ထွက်ခွာ။ မိသားစုနဲ့ သူကိုးကွယ်တဲ့ ဘုန်းကြီးပါ ပင့်ခေါ်ပြီး ထွက်ခွာ။ တပ်ချုပ်အသစ် တက်ပြီ' လို့ ရေးသား ထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။မူရင်း ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင် ရုရှားကို ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Wiper - ဝိုက်ပါ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ပြည်တွင်းမှာပဲ အကျယ်ချုပ်ကျလာတဲ့ သူတို့အခေါ် နစက' ဆိုတဲ့ ဆောင်းပါးကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဆောင်းပါးထဲမှာ စစ်ခေါင်းဆောင်တွေကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ နိုင်ငံတကာစစ်ရာဇဝတ်သားတွေအဖြစ် အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်တဲ့ အကြောင်းအရာကို ရေးသားထားတာပါ။ဒီအကြောင်းအရာထဲမှာ စစ်ခေါင်းဆောင် ရုရှားကို ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ဒီရက်ပိုင်းထဲစစ်တပ်ခေါင်းဆောင်ပိုင်အသိူင်းအဝိုင်းနဲ့ပတ်သက်လို့ သတင်းဌာနတွေက ရေးသားတဲ့ သတင်းတွေမျလြည်း ဒီလိုအခြေအနေမျိုပေါ်ထွက်ထွက်လာတာမျိုမရှိသေးပါဘူး။
Wiper - ဝိုက်ပါ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။