HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အီလွန်မတ်စ်က ဘီလ်ဂိတ်ကို ထောင်ထဲထည့်မယ်လို့ ပြောတယ်ဆိုတဲ့ သတင်းအမှား

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ အီလွန်မတ်စ်က မိုက်ကရိုဆော့ဖ် ကုမ္ပဏီ တည်ထောင်သူ သန်းကြွယ် သူဌေး ဘီလ်ဂိတ်ကို ထောင်ထဲထည့်မယ်လို့ ပြောဆိုခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတေွဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 Nov 2024 9:05 AM IST

ဒီအကြောင်းအရာကို ဆိုရှယ်မီဒီယာ Threads မှာ နိုဝင်ဘာလ အစောပိုင်းကစပြီး အင်္ဂလိပ်ဘာသာစကားနဲ့ Elon Musk shouted "I will put you in jail Bill Gates" လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အီလွန်မတ်စ်က ဘီလ်ဂိတ်ကို ထောင်ထဲထည့်မယ်လို့ ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ သတင်းရင်းမြစ် တိတိကျကျ မပါရှိပဲ သရော်စာပုံစံ ရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာကို ပထမဆုံး စတင်ဖြန့်ဝေတာကတော့ ရယ်စရာ သတင်းတွေနဲ့ သရော်စာတွေ ရေးသားဖော်ပြလေ့ရှိတဲ့ SpaceXMania ဆိုတဲ့ ဝက်ပေချ့်မှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၂၇ ရက်နေ့မှာ ရေးသားဖော်ပြထားတာပါ။

ဖော်ပြရာမှာလည်း အကြောင်းအရာရဲ့ ခေါင်းစဉ်အောက်မှာ သရော်စာ အမျိုးအစားဖြစ်တယ် (Categories: Satire) ဆိုတာ တပါတည်း ရေးသားထားပြီး ဖြစ်ပါတယ်။ အောက်ပါ ပုံမှာ ကြည့်ရှု့နိုင်ပါတယ်။


မူရင်းဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာဟာ သတင်းမှား ဖြစ်တယ်ဆိုတဲ့အကြောင်း Reuters သတင်းဌာနနဲ့ Snopes တို့လို ယုံကြည် စိတ်ချရတဲ့ သတင်းဌာန တွေမှာလည်း သတင်းဆန်းစစ်မှု ပြုလုပ်ထားပြီး ဖြစ်ပါတယ်။


သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

လတ်တလောမှာ ဆိုရှယ်မီဒီယာ Threads ပေါ်မှာ ဒီလို သရော်စာတွေကို လိုသလိုယူပြီး သတင်းပုံစံ ဖြန့်ဝေနေတဲ့ သတင်းတု၊ သတင်းမှားတွေ အများအပြား ထွက်ပေါ်နေပါတယ်။

Tags:

Related Stories