HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကနေဒါစနိုက်ပါသမား Wali ကျဆုံးသွားပြီဆိုတဲ့ သတင်းအမှား

ယူကရိန်းနိုင်ငံဘက်က ဝင်ရောက်တိုက်ခိုက်ပေးတဲ့ ကမ္ဘာ့အသေအပျောက်အများဆုံး စနိုက်ပါလို့ အမည်ပေးထားတဲ့ ကနေဒါ စနိုက်ပါသမား Wali ဟာ ရုရှားအထူးတပ်ဖွဲ့ရဲ့ သတ်ဖြတ်ခံခဲ့ရပြီလို့ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှား ဖြစ်ပါတယ်။

By - Boom Live Myanmar | 24 March 2022 10:21 PM IST

ဒီသတင်းကို မတ်လ ၁၆ ရက်နေ့က စတင်ပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာဖြစ်ပြီး "ကမ္ဘာ့အသေအပျောက်အများဆုံး စနိုက်ပါလို့ အမည်ပေးထားတဲ့ ကနေဒါစနိုက်ပါသမား Wali ဟာ သေဆုံးသွားပြီဖြစ်ကြောင်းနဲ့ ယူကရိန်းနိုင်ငံ၊ Mariupol မှာ လှုပ်ရှားပြီး မိနစ် 20 အကြာမှာ ရုရှား အထူးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်တာ ခံခဲ့ရတာဖြစ်ကြောင်း" ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ကနေဒါစနိုက်ပါသမား Wali ကျဆုံးတယ်ဆိုတာနဲ့ ပတ်သတ်ပြီး BOOM က စစ်ဆေးကြည့်ရှု့ရာ သတင်းအမှားသာ ဖြစ်ကြောင်းနဲ့ သူမသေသေးဘူး ဆိုတာကို ကနေဒါနိုင်ငံအခြေစိုက် CBC News သတင်းဌာနနဲ့ အင်တာဗျူးမှာ ကနေဒါနိုင်ငံ တပ်ဖွဲ့ရဲ့ စနိုက်ပါသမားဟောင်း Wali က ပြောဆိုထားပါတယ်။


ကီယက်ဗ်ဒေသရှိ ရှေ့တန်းစစ်မျက်နှာတွင် ရုရှားတပ်များကို တစ်ပတ်ကြာ တိုက်ခိုက်ခဲ့ပြီး ယူကရိန်းရှိ လုံခြုံသောနေရာသို့ ပြန်သွားခဲ့တာဖြစ်တယ်လို့ CBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။ ရုရှား ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ VK ပေါ်မှာတော့ Wali ဟာ Mariupol မှာ ရောက်ရှိပြီး မိနစ် 20 အကြာမှာပဲ ရုရှား အထူးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်တာ ခံခဲ့ရတယ်ဆိုပြီး သတင်းအမှားတွေ ဖြန့်ဝေခဲ့တာပါ။

လုံခြုံတဲ့ နေရာကို ပြန်ရောက်ပြီး ဖုန်းဖွင့်လိုက်တယ်ဆိုရင်ပဲ သူအသတ်ခံရတယ်ဆိုပြီး မက်ဆေ့ချ် ရာပေါင်းများစွာ ရောက်ရှိနေတာ တွေ့ခဲ့ရတယ်လို့ Wali က ပြောထားပါတယ်။CBC သတင်းဌာနရဲ့ အင်တာဗျူးကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories