ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Jan Somnang ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အလားတူ ပေချ့်တွေမှာလည်း ဆက်လက်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်
သတင်းကို '၉၈ % နဲ့ NUG လေတပ်က ဒရုန်းကိုစတင်အသုံးပြု' လို့ ရေးသားထားတဲ့ ပိုစ့်မှာ ဗွီဒီယိုကာဗာအဖြစ် စစ်ခေါင်းဆောင်ရဲ့ ပုံနဲ့အတူ 'NUG လေတပ် အဆင့်မြင့် ဒရုန်းထုတ်သုံးပြီ။ မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံရပြီ။ နေပြည်တော် အဝိုင်းခံရ' လို့ ရေးသားကာ ဖြန့်ဝေခဲ့တာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ကိုကြည့်ရင် တခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ စစ်ကိုင်းတိုင်းတွင်းက ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ စစ်ပွဲသတင်း အခြေအနေတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပြီး တိုက်ခိုက်မှုတွေမှာ ၉၈ ရာခိုင်နှုန်း ဒရုန်းကို အသုံးပြုတယ်ဆိုတဲ့ အချက်အလက်အထောက်အထားတွေ ဖော်ပြထားခြင်း မရှိပါဘူး။ အလားတူ နေပြည်တော် အဝိုင်းခံနေရပြီဆိုတဲ့ အကြောင်းအရာလည်း ပါဝင်ခြင်း မရှိတာ တွေ့ရပါတယ်။
ဒါ့အပြင် အမျိုးသားကာကွယ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းပုံမှာလည်း ကြည်းတပ်၊ လေတပ် နဲ့ ရေတပ်ရယ်လို့ ခွဲခြားထားခြင်း မရှိသေးပါ။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းပုံကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
ဒီဖေ့စ်ဘွတ်ပေ့ချ်မှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင်ဖန်တီးဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေ မတွေ့ရပါ။