HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်စုနဲ့ဆွေးနွေးဖို့ စစ်ကောင်စီခေါင်းဆောင် ပြောသယောင်ဖြန့်ထားတဲ့ သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုလိုက်တယ်လို့ ရေသားဖြန့်မှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 24 July 2022 9:52 AM IST

ဒီအကြောင်းအရာကို ခမာဘာသာနဲ့ ရေးသားထားတဲ့ "ម៉ាលីស ណារី" ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်း ကြည့်ရှု့သူ ခြောက်သောင်းသုံးထောင်ကျော်နဲ့ ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ "လက်နက်ချအညံ့ခံဖို့ ပြင်နေကြပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ထုတ်ပြောလိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်" လို့ ရေးသားထားတဲ့ ကာဗာပုံနဲ့အတူ ငါးမိနစ်နီးပါး ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ကာဗာပုံမှာ "လက်နက်ချအညံ့ခံဖို့ ပြင်နေကြပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ထုတ်ပြောလိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်" ဆိုပြီး ကြည့်ရှု့သူတွေ နားလည်မှုလွဲအောင် ရေးသားထားခြင်း ဖြစ်ပါတယ်။

ဗွီဒီယိုဖိုင်ထဲမှာတော့ သတင်းဌာနတွေမှာ ဖော်ပြနေတဲ့ "ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးသံကို တွေ့ဆုံခွင့်ပေးမယ်လို့ စစ်ခေါင်းဆောင် ကတိပေးကြောင်း ဖနွမ်းပင်သတင်းဖော်ပြ" ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားခြင်း သာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းတို့ တွေ့ဆုံခွင့်ရဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ကတိပြုလိုက်တဲ့အကြောင်း အထူးသံရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကမ္ဘောဒီးယားအခြေစိုက် ဖနွမ်ပင်သတင်းက ဇူလိုင် ၂၂ ရက်မှာ ဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင်တို့ ဆွေးနွေးမယ်ဆိုတဲ့ အထင်ရောက်ဖို့ ကြည့်ရှု့သူတွေ နားလည်မှုလွဲအောင် တမင်လုပ်ကြံရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

Tags:

Related Stories