HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပြင်ဦးလွင်မြို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲပြီးတိုက်ခိုက်တဲ့အတွက် ပြင်ဦးလွင်မြို့ မီးလောင်ပြာကျသွားပြီဆိုပြီး ရေးသားဖြန့်ဝေ ထားတဲ့အကြောင်းအရာတွေလူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 26 Aug 2024 4:02 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ khit thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်သာရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပြင်ဦးလွင်မြို့ကို ဖျက်စီးပစ်ပြီ။ ပြင်ဦးလွင်မြို့ ပြာကျကုန်ပြီ။ ပြင်ဦးလွင်မြို့ကို စစ်တပ်မှ လေယာဉ်များဖြင့် ဗုံးကျဲ လက်နက်ကြီးများဖြင့် ပစ်ခတ်' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ပြင်ဦးလွင်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီးတိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဩဂုတ်လ ၂၃ ရက်နေ့က ဖြန့်ဝေထားတဲ့ ‘ပြင်ဦးလွင်တွင် ယမန်နေ့ ညပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မြို့ပြင်တစ်လျှောက်တွင် ကတုတ်ကျင်း များစွာ တူးနေ’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ TNLA တပ်တွေ ရှိနိုင်တယ်ထင်တဲ့ ဘက်တွေကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်းနဲ့ ပြင်ဦးလွင်မြို့ပြင်ရှိ ကျေးရွာနဲ့ ရပ်ကွက် အချို့မှာ စစ်ကောင်စီတပ်တွေက ကတုတ်ကျင်းတွေ တူးနေပြီး ဒေသခံတွေကို လုပ်အားပေးအဖြစ် အတင်းအဓမ္မ စေခိုင်းမှုတွေ ရှိကြောင်း ရေးသားထားတာပါ။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories