HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လားရှိုးမှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲပြန်ဖြစ်နေတယ်ဆိုတဲ့ သတင်းအမှား

လားရှိုးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကိုးကန့်တပ် MNDAA တပ်ဖွဲ့တွေကြား အပြင်းအထန် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ် ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 24 Sept 2024 9:48 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Share Local Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'MNDAA တကြော့ပြန် ပြန်ထပြီ။ လားရှိုးတွင် စစ်ကောင်စီနှင့် MNDAA အပြင်းအထန် တိုက်ပွဲဖြစ်။ စကစတပ် (၅၀၀) နီးပါးကျွတ်' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

လားရှိုးမှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲပြန်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ စက်တင်ဘာ ၂၄ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မြို့သာ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကြောရေးမှူးနှင့် ရဲ များကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ မန္တလေးတိုင်း၊ မြို့သာ ရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကြောရေးမှူးနဲ့ ရဲ တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ ၂ ဦး သေဆုံးခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

လက်ရှိမှာ လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မြှင့်တင်ရေး ဆောင်ရွက်နေသူတွေရဲ့ ကြိုးပမ်းမှုကို ထိခိုက်စေတယ်ဆိုပြီး ကိုးကန့်တပ် MNDAA က စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်ထဲမှာ တိုက်ပွဲတွေ ငြိမ်သက်ပြီးနောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေမှာ မြို့ပေါ်က စာသင်ကျောင်း၊ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေနဲ့ လူနေရပ်ကွက်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories