ဒီအကြောင်းအရာကို Dagu Mg ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ Telegram Channel တစ်ခုကနေ ကူးယူဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ အီဖယ်တာဝါတစ်ခုလုံးကို မီးလောင်နေတဲ့ ပုံတွေနဲ့အတူ 'ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး အထိမ်းအမှတ်များထဲမှ တစ်ခု။ ပြင်သစ်မြို့တော်မှာ ဘာဖြစ်သွားတာလဲ။ အီဖယ်မျှော်စင်။ ကမ္ဘာပေါ်တွင် အထင်ရှားဆုံး အထိမ်းအမှတ်များထဲမှ တစ်ခုဖြစ်သည်။ ပါရီမြို့လယ်မှာ မီးလောင်နေပါတယ်။ နောက်ဆုံးရသတင်းများမှ ယမန်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုအား မီးသတ်သမားများက ထိန်းမနိုင်သေးကြောင်း သိရသည်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အီဖယ်တာဝါ မီးလောင်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
အီဖယ်တာဝါ မီးလောင်နေတယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိသလို လက်ရှိ ပြင်သစ်နိုင်ငံ ပါရီမြို့ခံတွေကလည်း ငြင်းဆိုထားပါတယ်။
Tik Tok ဆယ်လီအချို့နဲ့ ပါရီမြို့ခံအချို့က သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေက တဆင့် ပြန်လည်ဖြေရှင်းနေတာပဲ ဖြစ်ပါတယ်။ ဒီအကြောင်း အရာ ဖြန့်ဝေနေမှုအပေါ် အံဩမိကြောင်းနဲ့ ဒါဟာ လုပ်ကြံထားတာသာ ဖြစ်တယ်လို့ ပြန်လည်ပြောဆိုနေကြတာပါ။
အီဖယ်တာဝါနဲ့ ပက်သတ်တဲ့ ကောလဟလ တွေဟာ မကြာခန ဖြန့်ဝေခံနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ပြင်သစ်ရဲအရာရှိတစ်ဦးကြောင့် အာရပ်နွယ်ဖွားလူငယ်တစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီးမှာလည်း အီဖယ်တာဝါ မီးလောင်မြိုက်နေပြီဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။