HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြန်မာ့လက်ဝှေ့ဖိုက်တာ တွေ့မရှောင်က မွေ့ထိုင်းဖိုက်တာကို စိန်ခေါ်တယ်ဆိုတဲ့ သတင်းအမှား

မြန်မာ့ဂန္တဝင်လက်ဝှေ့ ကစားသမား တွေ့မရှောင်က မွေ့ထိုင်းချန်ပီယံ ဘူခေါင် (Buakaw) ကို ထိုးသတ်ဖို့ စိန်ခေါ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 24 July 2024 3:47 PM GMT

ဒီအကြောင်းအရာကို Htet Myat Reaction ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၁၄ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ '‌မွေ့ထိုင်းဖိုက်တာကို ဒဲ့စိန်ခေါ်လိုက်တဲ့ မြန်မာ့လက်ဝှေ့ဖိုက်တာကြီး တွေ့မရှောင်။ ကျားမှန်းသိအောင် ဟိန်းပြတော့မယ့် မြန်မာ့ဂန္တဝင်ဖိုက်တာကြီး။ ပြန်လည်နိုးထလာပြီဖြစ်တဲ့ မြန်မာလက်ဝှေ့ဖိုက်တာကြီး တွေ့မရှောင်' လို့ ရေးသားဖြန့်ဝေထားတာပါ။

ဗီဒီယိုအတွင်းမှာတော့ တွေ့မရှောင်အနေနဲ့ မြန်မာ့လက်ဝှေ့လောကကနေ အနေားယူသွားပြီဆိုပေမယ့် ပြန်လည်နိုးထလာပြီး ထိုးသတ်ဖို့ စိန်ခေါ်ထားကြောင်း၊ မွေ့ထိုင်းဖိုက်တာ ဘူခေါင်ကို စိန်ခေါ်လိုက်တာဖြစ်ကြောင်းတွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာပါ။

ဖြန့်ဝေမှုကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မြန်မာ့လက်ဝှေ့ ဖိုက်တာ တွေ့မရှောင်က မွေ့ထိုင်းချန်ပီယံ ဘူခေါင်ကို ထိုးသတ်ဖို့ စိန်ခေါ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဒီဖြန့်ဝေမှုဟာ ဝင်ရောက်ကြည့်ရှု့သူတွေ များအောင် တမင်လိမ်ညာ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

ဗီဒီယိုကလစ်ထဲမှာ မွေ့ထိုင်းချန်ပီယံ ဘူခေါင်နဲ့ တွေ့မရှောင်ရဲ့ ပုံတွေကို အသုံးပြုပြီး နောက်ခံစကားပြောနဲ့သာ ပြောဆိုထားတာဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိသလို လက်ဝှေ့သတင်းဦးစားပေး ဖော်ပြနေတဲ့ မီဒီယာတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

မြန်မာ့ဂန္တဝင်လက်ဝှေ့ ကစားသမား တွေ့မရှောင် လက်ဝှေ့လောကမှ အနားယူသွားခဲ့တာ ဆယ်စုနှစ်နီးပါး ရှိနေပါပြီ။

လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက 7Day TV နဲ့ အင်တာဗျူးတစ်ခုမှာ ဘာလို့ လက်ဝှေ့မထိုးတော့တာလဲ ဆိုတဲ့ မေးခွန်းကို တွေ့မရှောင်က လေ့ကျင့်မှုတွေကို ပြန်မလုပ်ချင်တော့လို့ လက်ဝှေ့မထိုးတော့တာလို့ ပြန်လည်ဖြေကြားထားပါတယ်။ ဒါ့အပြင် သူ့ရဲ့အသက်မှာလည်း ထိုစဉ်က ၃၆ နှစ်ရှိနေပြီဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားထားပါတယ်။


7Day TV နဲ့ အင်တာဗျူးထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Htet Myat Reaction ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ဟာ လက်ဝှေ့လောကနဲ့ဆိုင်တဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ပေချ့်တစ်ခုဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။


Full View


Related Stories