HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အမေရိကန်မှာ ဂြိုလ်သားတွေ့တယ်ဆိုတဲ့ သတင်းအမှား

အမေရိကန်နိုင်ငံ မိုင်ရာမီမြို့မှာ ခန့်မှန်းခြေ အရပ် ၈ပေ ကနေ ၁၀ ပေ ရှိတဲ့ ဂြိုလ်သားတွေ တွေ့ရှိတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 12 Jan 2024 9:58 PM IST

ဒီအကြောင်းအရာဟာ တခြားနိုင်ငံက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး မြန်မာဘာသာစကားနဲ့ ပြန်လည်ဖြန့်ဝေခဲ့တာကတော့ ZERK ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၇ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ 'Twitter မှာ Trending ဖြစ်နေတဲ့ ဂြိုလ်သားသတင်း။ ခန့်မှန်းခြေ အရပ် ၈ပေ ကနေ ၁၀ ပေ ရှိတဲ့ ဂြိုလ်သားတွေ Miami မှာတွေ့လို့တဲ့။ Edit. Comment မှာ သတင်းအစီအစဉ်တစ်ခုက Video မှာ ဂြိုလ်သားလို့ ယူဆရတဲ့ အရာကြီး လမ်းလျှောက်နေတာပါ တင်ထားပါတယ်' လို့ ရေးသားဖြန့်ဝေခဲ့တာပါ။

အခြား ဖြန့်ဝေမှုတွေမှာတော့ 'အမေရိကန်နိူင်ငံမှာ ဒီဂြိုလ်သားကိုရှာတွေ့ခဲ့ကြတယ်။ ကုန်တိုက်ရှေ့မှာ ဂြိုလ်သားက လမ်းလျှောက် နေတာ ရဲတွေကကုန်တိုက်ကိုဝိုင်းထားခဲ့ပါတယ်။ ကိုယ်တိုက်တွေ့ခဲ့တာပါ မိုင်ရာမီမြို့ကရဲတွေက သတင်းကိုအမှောင်ချလိုက်တာ သေချာတယ်' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာကို TikTok၊ X (ယခင် twitter) နဲ့ facebook လို ဆိုရှယ်မီဒီယာတွေမှာ အများအပြား ပြန်လည်ဖြန့်ဝေနေတဲ့ အတွက် အမေရိကန် အခြေစိုက် သတင်းဌာနတွေမှာ ပြန်လည်ဖြေရှင်းထားမှု အများအပြား ရှိနေပြီးလည်း ဖြစ်ပါတယ်။

ဒီထဲက USA TODAY သတင်းဌာနမှာ ဇန်နဝါရီ ၅ ရက်နေ့က ဖော်ပြချက်အရ အခုဖြန့်ဝေနေတဲ့ ဂြိုလ်သားကိစ္စက မဟုတ်မှန် ကြောင်းနဲ့ လူငယ်တွေအကြား ခိုက်ရန်ဖြစ်ပွားမှု တစ်ခုကို အကြောင်းပြုပြီး ချဲ့ကားပြောဆိုနေတာဖြစ်တယ်လို့ မိုင်ယာမီရဲဌာန ပြန်လည်ပြောဆိုတယ်လို့ ရေးသားထားပါတယ်။


ဗီဒီယိုထဲမှာ တွေ့ရတဲ့ မီးခိုးရောင်သဏ္ဍာန် တစ်ခုကို ကြည့်ရှု့သူတွေက ဂြိုလ်သားတစ်ယောက် ပုန်းနေတာဆိုပြီး ပြောဆိုနေတာပါ။

ရဲအရာရှိကတော့ ဒါဟာ လမ်းလျှောက်သူတစ်ဦးရဲ့ အရိပ် ဒါမှမဟုတ် အခြားတစ်ခုခု ဖြစ်နိုင်ပါတယ်။ ဗီဒီယိုကလစ်ရဲ့ အစကို ကြည့်ရင် အရိပ်အောက်ခြေက လူကို တွေ့နိုင်ပါတယ်လို့ ပြောဆိုထားပါတယ်။

တကယ်ဖြစ်ခဲ့တာက စျေးဝယ်စင်တာထဲမှာ တုတ်တွေကိုင်ထားတယ်လို့ ထင်ရတဲ့ လူငယ် ၅၀ ကျော်နဲ့ ပက်သတ်ပြီး ပတ်ဝန်းကျင်က ရဲတွေဆီ ဖုန်းတွေခေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလူငယ်တွေထဲက အချို့က မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့တာကို ပစ်ခတ်မှုဖြစ်တယ်လို့ ထင်ပြီး ခေါ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ဆယ်ကျော်သက် လေးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

USA TODAY သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories