အချိန် ၃ မိနစ်ခွဲ့ခန့်ကြာမြင့်တဲ့ ဒီရုပ်သံဖိုင်ကို GTTF ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဧပြီလ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု တွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ သရုပ်ဆောင် ပြေတီဦး အင်တာဗျူးဖြေကြားနေတဲ့ ရုပ်သံဖိုင်တစ်ခုနဲ့ တွဲဖက်ကာ စစ်ဗိုလ်ကြီးတစ်ဦးရဲ့ သမီးနဲ့ လက်ထပ်ခဲ့တဲ့ မင်းသားနေတိုးကို ပြေတီဦး ဒဲ့ပြောပြီလို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်ကို စစ်ဆေးကြည့်ရာ သရုပ်ဆောင် ပြေတီဦးက စာရေးဆရာ နီကိုရဲရဲ့ ဝထ္ထုကို ဇာတ်ကားပြန်လည်ရိုက်ကူးတဲ့ အကြောင်း ပြောဆိုထားတာသာ ဖြစ်ပါတယ်။ မင်းသားနေတိုးကို ပြောဆိုထားတယ်ဆိုတဲ့ အချက်တစုံတရာ မပါရှိပါဘူး။
ဒီလို Video တွေကို မကြာခနဖြန့်ဝေလျက်ရှိပြီး အခုဖြန့်ဝေမှုတွေမှာလည်း ကြည့်ရှုသူများဖို့နဲ့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ သရုပ်ဆောင်တွေအပေါ် အထင်အမြင်လွဲမှားအောင် တမင်လုပ်ကြံဖန်တီးမှုတွေရှိနေပါတယ်။