HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

AI နဲ့ ဖန်တီးထားတဲ့ ဒဏ်ရာရနေတဲ့ ခြင်္သေ့တစ်ကောင်ရဲ့ ဗီဒီယိုဖိုင်အတု

ရုပ်သံဖိုင်တွေကို အေအိုင်နည်းပညာနဲ့ဖန်တီးပြုပြင်နိုင်လာတဲ့အခါ လူမှုကွန်ရက်မှာ ဖန်တီးထားတဲ့ ဗီဒီယိုအတုတွေထွက်ပေါ်လာလေ့ရှိပါတယ်။ ဒီရက်ပိုင်းထဲမှာ အလားတူ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်မှာပျံ့နှံ့လာခဲ့ပါတယ်။

By - Boom Live Myanmar | 14 Jan 2025 9:17 AM IST


အခုပျံ့နှံ့လာတဲ့ဗီဒီယိုမှာတော့ မျက်မှာမှာ သမင်တစ်ကောင်ရဲ့ ဦးချိုစိုက်ဝင်နေတဲ့ ခြင်္သေ့တစ်ကောင်ရဲ့ ဗီဒီယိုကို Reaction ဗီဒီယို အဖြစ်ဖြန့်ဝေထာတာဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Yaw Tha ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဖန်နဝါရီ ၅ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူနဲ့ ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။

ဖြန့်ဝေရာမှာ မျက်မှာမှာ သမင်ဦးချိုစိုက်ဝင်နေတဲ့ ခြင်္သေ့တစ်ကောင်ရဲ့ စက္ကန့် ၃၀ နီးပါကြာ ဗီဒီယိုကလစ်တစ်ခုနဲ့အတူ 'သားကောင်ဘုရင်ကြီးကိုပါ ပညာပေးလိုက်တဲ့တမင်' ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားတာပါ။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ ဗီဒီယိုကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ကူးယူပြီး ဖြန့်ဝေထားတာ ဖြစ်တာကို တွေ့ရပါတယ်။

ဒီဗီဒီယို ကလစ်ကို Youtube ချန်နယ်တွေ၊ Tiktok နဲ့ အင်စတာဂရမ် အကောင့်တွေမှာ ဟာသဗီဒီယိုတစ်ခုအနေနဲ့ ဖြန့်ဝေထားတာတွေလည်း ရှိပါတယ်။


ဗီဒီယိုထဲက ပုံရိပ်အချို့ကို AI နဲ့ ပြုပြင်ထားတဲ့ ဗီဒီယိုတွေ၊ ရုပ်ပုံတွေကို ဖော်ထုတ်တဲ့ AI-Generated Content Detection tools နဲ့ စစ်ဆေးကြည့်ရာမှာလည်း ဒီဖြန့်ဝေမှုဟာ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုလို့ ပြဆိုထားပါတယ်။


ဒီလို သတင်းမှား၊ အချက်အလက်အမှားတွေကို ဖြန့်လေ့ရှိတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့ အခါမှာ သူတို့ ဖြန့်ဝေမှုတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူ အရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits အကြောင်းအရာတွေ ဖြန့်နေတာသာ ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories