HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG လူ့အခွင့်ရေး ဝန်ကြီးဌာန နာမည်သုံးပြီး ထုတ်ပြန်ထားတဲ့ ကြေညာချက်အတု

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်က ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်စဉ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာန နာမည်သုံးပြီးဖြန့်ထားတဲ့ ကြေညာချက်အတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 25 May 2024 9:39 PM IST

အဆိုပါ ကြေညာချက်ရဲ့ ထိပ်မှာ NUG တံဆိပ်ခေါင်းရယ်၊ လူ့အခွင့်အရေး ဝန်ကြီးဌာန တံဆိပ်တွေကို အသုံးပြုထားပြီး “ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ လူမျိုးစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းများနှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်” ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ ဘူးသီးတောင်မြို့ က ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေကို မီးရှို့ပြီး ပစ္စည်းဥစ္စာများ လုယက်သွားကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရိုဟင်ဂျာတွေကို မြို့က ထွက်ခွာရန် အမိန့်ပေးကြောင်း၊ AA က ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေကြောင်း …” စသည်ဖြင့် ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ ထုတ်ပြန်ချက် အတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်က ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်စဉ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာန နာမည်သုံးပြီးဖြန့်ထားတဲ့ ကြေညာချက်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖြန့်ဝေထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြေညာချက် ထုတ်ပြန်မှုတစ်ချို့ ရှိပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီးဌာနအနေနဲ့တော့ အခု ကြေညာချက်ကို ထုတ်ပြန်ထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက အချိန်ကို သတင်းအမှားဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

NUG လူ့အခွင့်အရေး ဝန်ကြီးဌာနကလည်း ဒီကြေညာချက်နဲ့ ပတ်သက်ပြီး “လူမှုကွန်ရက်ပေါ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်စာ (အတု) ပြန့်နှံ့လျက်ရှိကြောင်း ပြည်သူများအား အသိပေးအပ်ပါသည်။” လို့ ထုတ်ပြန်ထားပါတယ်။

NUG လူ့အခွင့်အရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်ပါ။



 


Tags:

Related Stories